မွေးနေ့ကို အထဲမှာဖြတ်သန်းနေရတဲ့ ပိုပို့အတွက် အမြန်ဆုံးလွတ်မြောက်စေဖို့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့တဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီးရေ ဒီနေ့ မေလ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပြည်သူအချစ်တော် အဆိုတော်မလေး ပိုပိုရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရော အနုပညာမောင်နှမတွေကပါ မွေးနေ့လေးကို အထဲမှာ ဖြတ်သန်းနေခဲ့ရတဲ့ ပိုပို့အတွက် စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ နဲ့ နေကောင်းကျန်းမာစွာရှိနေစေဖို့လည်း ပိုပို့အတွက် မွေးနေ့ဆုမွန်ကောင်းတွေအသီးသီးတောင်းပေးနေခဲ့ကြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အထဲမှာ ပြည်သူ့အချစ်တော် မင်းသားချောလေး ပိုင်တံခွန်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ “Happy Birthday Ma Po Po မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက်နာကျင်ရလဲ ကျွန်တော်အသိဆုံးပါ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့အမြဲ ဆုတောင်းပေးနေပါတယ်။

အပြင်ပြန်ရာက်လာရင် ငါ့တို့မောင်နှမတွေ အရင်လို အလုပ်လေးတွေပြန်လုပ်ရင်း လိပ်ပြာသန့်သန့် နဲ့ မိသားစု နှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ကြိုးစားကြမယ် အားတင်းထားပါ ငါ့အမ” ဆိုပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတာကြောင့် ပိုပိုတစ်ယောက်ဘယ်လို ခံစားနေရမလဲတွေးတာစိတ်မကောင်းဖြစ်နေခဲ့ကြောင်းနဲ့ မွေးနေ့ဆုတောင်းလေးတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ပိုပို့ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Paing Takhon
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔ကို အထဲမွာျဖတ္သန္းေနရတဲ့ ပိုပို႔အတြက္ အျမန္ဆုံးလြတ္ေျမာက္ေစဖို႔ ေမြးေန႔ဆုမြန္ေကာင္းေတြေတာင္းေပးခဲ့တဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ ဒီေန႔ ေမလ (၁၆)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ ျပည္သူအခ်စ္ေတာ္ အဆိုေတာ္မေလး ပိုပိုရဲ႕ ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ပရိသတ္ေတြေရာ အႏုပညာေမာင္ႏွမေတြကပါ ေမြးေန႔ေလးကို အထဲမွာ ျဖတ္သန္းေနခဲ့ရတဲ့ ပိုပို႔အတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ၾကပါတယ္။

အျမန္ဆုံးျပန္လည္လြတ္ေျမာက္လာေစဖို႔ နဲ႔ ေနေကာင္းက်န္းမာစြာရွိေနေစဖို႔လည္း ပိုပို႔အတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြအသီးသီးေတာင္းေပးေနခဲ့ၾကၿပီး ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ အထဲမွာ ျပည္သူ႔အခ်စ္ေတာ္ မင္းသားေခ်ာေလး ပိုင္တံခြန္ကလည္း အပါအဝင္ပဲျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ “Happy Birthday Ma Po Po ေမြးေန႔ကို အထဲမွာ ျဖတ္သန္းရတာ ဘယ္ေလာက္နာက်င္ရလဲ ကြၽန္ေတာ္အသိဆုံးပါ က်န္းက်န္းမာမာနဲ႔ အျမန္ဆုံးျပန္ထြက္လာႏိုင္ပါေစလို႔အၿမဲ ဆုေတာင္းေပးေနပါတယ္။

အျပင္ျပန္ရာက္လာရင္ ငါ့တို႔ေမာင္ႏွမေတြ အရင္လို အလုပ္ေလးေတြျပန္လုပ္ရင္း လိပ္ျပာသန႔္သန႔္ နဲ႔ မိသားစု ႏွင့္ ပတ္ဝန္းက်င္ကို အက်ိဳးျပဳႏိုင္ေအာင္ ႀကိဳးစားၾကမယ္ အားတင္းထားပါ ငါ့အမ” ဆိုၿပီး ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရဖူးတာေၾကာင့္ ပိုပိုတစ္ေယာက္ဘယ္လို ခံစားေနရမလဲေတြးတာစိတ္မေကာင္းျဖစ္ေနခဲ့ေၾကာင္းနဲ႔ ေမြးေန႔ဆုေတာင္းေလးေတာင္းေပးထားခဲ့တာပဲျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးေတြလည္း ပိုပို႔ရဲ႕ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Paing Takhon
Chilli – CeleGabar