ပိုပို့ကိုယ်စားပြုလုပ်ပေးခဲ့တဲ့ မွေးနေ့ကောင်းမှုကုသိုလ်တွေကို မျှဝေလာခဲ့တဲ့ ပိုပို့ရဲ့ Admin Team

Posted on

ပရိသတ်ကြီးရေ မနေ့က မေလ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် ပိုပိုရဲ့ အသက် (၃၂)နှစ်ပြည့်မြောက်သွားခဲ့တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပိုပိုကတော့ မွေးနေ့ရက်လေးကို အချုပ်အနှောင်တွေကြားမှာ ဖြတ်သန်းခဲ့ရတဲ့ အတွက် ပရိသတ်တွေရော အနုပညာမောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

ပိုပို့ရဲ့ Admin Team ကတော့ ပိုပို့ရဲ့ မွေးနေ့အတွက် ပိုပို့ကိုယ်စားကောင်းမှုတွေပြုလုပ်ခဲ့ပြီး ပိုပို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့အတွက်ပြုလုပ်ပေးခဲ့တဲ့ ကောင်းမှုတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ “၁၅ရက်နေ့မွေးနေ့အကြိုမှာတော့ ဒလဘက်တံတားချောင်းကျေးရွာ မှာထမင်းနဲ့ ဘဲဥကုလားဟင်း စတုဒီသာကျွေးပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ မပိုပိုကိုယ်စား Admin တို့ က အလှူအတန်းတွေလုပ်ပေးဖြစ်ခဲ့ပါတယ်။“မင်းကိုလွမ်းမိမှာစိုးလို့” ဆိုပေမယ့် အားလုံးကို လွမ်းအောင်လုပ်တဲ့ အမ နေကောင်းကျန်းမာပြီး ပျော်ရွှင်မှုတွေ အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးပါတယ်။

မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ပရိတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။သတိရ ချစ်ခင်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ” ဆိုပြီးတော့လည်း ပိုပို့အတွက်မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေအားလုံးကို ပိုပို့ကိုယ်စားကျေးဇူးတင်ကြောင်း လည်းရေးသားထားခဲ့ပါတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Po Po
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ပိုပို႔ကိုယ္စားျပဳလုပ္ေပးခဲ့တဲ့ ေမြးေန႔ေကာင္းမႈကုသိုလ္ေတြကို မွ်ေဝလာခဲ့တဲ့ ပိုပို႔ရဲ႕ Admin Team

ပရိသတ္ႀကီးေရ မေန႔က ေမလ (၁၆)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ အဆိုေတာ္ ပိုပိုရဲ႕ အသက္ (၃၂)ႏွစ္ျပည့္ေျမာက္သြားခဲ့တဲ့ ေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ပိုပိုကေတာ့ ေမြးေန႔ရက္ေလးကို အခ်ဳပ္အေႏွာင္ေတြၾကားမွာ ျဖတ္သန္းခဲ့ရတဲ့ အတြက္ ပရိသတ္ေတြေရာ အႏုပညာေမာင္ႏွမေတြကပါ စိတ္မေကာင္းျဖစ္ေနခဲ့ၾကပါတယ္။

ပိုပို႔ရဲ႕ Admin Team ကေတာ့ ပိုပို႔ရဲ႕ ေမြးေန႔အတြက္ ပိုပို႔ကိုယ္စားေကာင္းမႈေတြျပဳလုပ္ခဲ့ၿပီး ပိုပို႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေမြးေန႔အတြက္ျပဳလုပ္ေပးခဲ့တဲ့ ေကာင္းမႈေတြကို မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ “၁၅ရက္ေန႔ေမြးေန႔အႀကိဳမွာေတာ့ ဒလဘက္တံတားေခ်ာင္းေက်း႐ြာ မွာထမင္းနဲ႔ ဘဲဥကုလားဟင္း စတုဒီသာေကြၽးၿပီး ၁၆ရက္ေန႔ ေမြးေန႔မွာေတာ့ မပိုပိုကိုယ္စား Admin တို႔ က အလႉအတန္းေတြလုပ္ေပးျဖစ္ခဲ့ပါတယ္။“မင္းကိုလြမ္းမိမွာစိုးလို႔” ဆိုေပမယ့္ အားလုံးကို လြမ္းေအာင္လုပ္တဲ့ အမ ေနေကာင္းက်န္းမာၿပီး ေပ်ာ္႐ႊင္မႈေတြ အျမန္ဆုံးရပါေစလို႔ ဆုေတာင္းေပးပါတယ္။

ေမြးေန႔ဆုေတာင္းေပးၾကတဲ့ သူငယ္ခ်င္းေတြနဲ႔ ခ်စ္ရတဲ့ ပရိတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္။သတိရ ခ်စ္ခင္ေပးၾကတဲ့ တစ္ေယာက္ခ်င္းဆီတိုင္းကို ေက်းဇူးအထူးတင္ပါတယ္ ” ဆိုျပီးေတာ့လည္း ပိုပို႕အတြက္ေမြးေန႔ဆုေတာင္းေပးၾကတဲ့ သူေတြအားလံုးကို ပိုပို႕ကိုယ္စားေက်းဇူးတင္ေၾကာင္း လည္းေရးသားထားခဲ့ပါတယ္ CeleGabar ပရိသတ္ၾကီးေရ။

Source – Po Po
Chilli – CeleGabar