” ချစ်ရတဲ့ညီမငယ်လေးအတွက် ဘဝမှာတန်ဖိုးရှိပြီးဆင်ခြင်လိုက်နာရမယ့် အသိတရားတွေကို ပြောပြသင်ကြားခဲ့တဲ့ ဘီလီလမင်းအေး”
Posted on
CeleGabarပရိသတ်ကြီးရေ ဘီလီလမင်းအေးကတော့ Myanmar idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနုပညာလောကထဲဝင်ရောက်ခဲ့သူပါ။အခုဆိုရင်သူမရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့ဂီတလောကမှာ နေရာတစ်နေရာရကာ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကိူအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။
ဒီနေ့မှာတော့သူမရဲ့ချစ်ရတဲ့ညီမလေးကို”သို့✍🏻
ချစ်ရတဲ့ညီမလေးရေ Billy Su Than Tharညီမလေးအတွက် မဖူးစာရေးလိုက်ပါတယ်။
၁. အမြဲတမ်းကိုယ့်ကိုယ်ကိုယ် သိပါ။
၂. ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။
၃. ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။
၄. ဘာနဲ့မှဘာအကြောင်းနဲ့မှ ဘယ်သူနဲ့မှမနှိုင်းယှဥ်ပါနဲ့။
၅. လူရောစိတ်ပါကျန်းမာလှပအောင်နေပါ။
၆. ကိုယ့်Style နဲ့ကိုယ်နေပါ။
၇. ဝါသနာအတွက်အချိန်ပေးပါ။
၈. ကိုယ်ပိုင်အချိန်ထားပါ။
၉. မိမိပတ်ဝန်းကျင်ကိုအကျိုးပြုပါ။
၁၀. စာဖတ်ပါ။
၁၁. မကောင်းတာတွေချည်းပြောတတ်တဲ့ Negative သမားတွေနဲ့ တတ်နိုင်သလောက်ဝေးဝေးနေပါနော်။
ချစ်တဲ့ ❤️မဖူး”ဆိုတဲ့စာလေးနဲ့ သူမညီမလေးကို သွန်သင်တဲ့စာလေးကို တင်လာခဲ့တာပါ။
အမြဲချစ်ရတဲ့ညီမလေးနဲ့ ပုံလေးတွေအမြဲတင်တတ်တဲ့Billyကတော့ ​ဒီနေ့မှာလည်း ညီအစ်မနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကိုတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း Billyတို့ညီအစ်မနှစ်ယောက်ကိုချစ်ရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Koe-CeleGabar
Source- Billy La Min Aye
၎. ဘာနဲ့မှဘာအကြောင်းနဲ့မှ ဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့။
၁၀. စာဖတ်ပါ။
Koe-CeleGabar
Source- Billy La Min Aye