ဆရာ၊ဆရာမတွေအတွက် ဂုဏ်ပြုတေးသီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုပေးခဲ့တဲ့ မေလသံစဉ်

မကြာသေးမီကမှ ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်လ်ဘမ်လေးကို ပရိသတ်တွေဆီအ ရောက်ပို့ပေးခဲ့တဲ့ တေးသံရှင် မေလသံစဉ်ကတော့ ဒီတစ်ခါမှာ ဆရာဆရာမတွေအတွက် ဂုဏ်ပြုတေးသီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ် ။

အခုလို ကပ်ဘေးကာလအတွင်း ခက်ခဲနေချိန်မှာ မကြာခင် ဖွင့်လှစ်သင်ကြားကြရတော့မယ့်အခြေခံပညာ ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုတေးသီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုပေးဖို့ Waso Learn Mobile Application (Strategy First Education Group) မှသူမကို ဆက်သွယ်အပ်နှံခဲ့တာဖြစ်တယ်လို့သိရပါတယ် ။ အခုသီချင်းလေးရေးပြီးလို့ အသံသွင်းနေ ပြီဖြစ်ပြီး ဆရာ၊ဆရာမတွေရဲ့ ကြိုးစားမှုမေတ္တာကို ဖော်ကျူးထားတဲ့ Music Video လေးကိုတစ်ပါတည်းစီစဉ်ဖို့ ပြင်ဆင်နေတယ်လို့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

Music Video လေးကိုတစ်ပါတည်းစီစဉ်ဖို့ဆရာ၊ဆရာမများရဲ့ အမှတ်တရဓာတ်ပုံ၊Videoများကို ဝါဆို Learn ViberPhone 09266 805 001ကိုပေးပို့ဖို့ အတွက်လည်းတောင်းဆိုထားပါသေးတယ် ။ မေလကို ချစ်ကြတဲ့ ပရိသတ်ကြီးတွေထဲမှာ ဆရာ ဆရာမတွေပါတယ်ဆိုရင်တော့ အမြန်ဆုံးပေးပို့ပေးလိုက်တော့နော် ။

Source : May La Than Zin
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x