မြန်မာစိတ်ရင်း ပရဟိတအဖွဲ့နဲ့ အတူ ပရဟိတထမင်းဆိုင်လေးဖွင့်လှစ်ခဲ့တဲ့ မေပန်းချီ

Posted on

ပရိသတ်ကြီးရေ မေပန်းချီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မေပန်းချီကတော့ ရိုးသားပွင့်လင်းပြီး ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ခက်ခဲနေတဲ့သူတိုင်းကို ကူညီတတ်တဲ့ စိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ သူတစ်ယောက်ပါ။

အလှူအတန်းတွေလည်း ရက်ရောလှတဲ့ မေပန်းချီကတော့ လတ်တလောမှာလည်း မွန်မြတ်လှတဲ့ ပရဟိတအလုပ်လေးကိုလုပ်ကိုင်ခဲ့ပါတယ်။ မေပန်းချီကတော့ “မြန်မာ့စိတ်ရင်း” ပရဟိတအသင်းနဲ့ ပူးပေါင်းပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားချင်သလောက်စားပေးချင်သလောက်ပေးသားသတ်လွတ်ထမင်းဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

ဆိုင်လေးရဲ့ တည်နေရာကတော့ တောင်ဒဂုံ ၅၆ရပ်ကွက် ပုဂံလမ်းမကြီးပေါ် ဝနဝါသီဘုန်းကြီးကျောင်းရှေ့ မှာ ဖွင့်လှစ်ထားပါတယ်တဲ့။ CeleGabar ပရိသတ်ကြီးရေ မေပန်းချီတို့ ဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေးကတော့ (၇)ရက်သားသမီးမည်သူမဆို စားသုံးလို့ ရပါတယ်တဲ့။ တကယ်ကို မွန်မြတ်လှတဲ့ အလှူလေးပါ ပန်းချီရယ်။

Source – May Panche
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ျမန္မာစိတ္ရင္း ပရဟိတအဖြဲ႕နဲ႔ အတူ ပရဟိတထမင္းဆိုင္ေလးဖြင့္လွစ္ခဲ့တဲ့ ေမပန္းခ်ီ

ပရိသတ္ႀကီးေရ ေမပန္းခ်ီကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ ေမပန္းခ်ီကေတာ့ ႐ိုးသားပြင့္လင္းၿပီး ကိုယ္ခ်င္းစာစိတ္အျပည့္နဲ႔ ခက္ခဲေနတဲ့သူတိုင္းကို ကူညီတတ္တဲ့ စိတ္ဓာတ္ေလးကိုပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရတဲ့ သူတစ္ေယာက္ပါ။

အလႉအတန္းေတြလည္း ရက္ေရာလွတဲ့ ေမပန္းခ်ီကေတာ့ လတ္တေလာမွာလည္း မြန္ျမတ္လွတဲ့ ပရဟိတအလုပ္ေလးကိုလုပ္ကိုင္ခဲ့ပါတယ္။ ေမပန္းခ်ီကေတာ့ “ျမန္မာ့စိတ္ရင္း” ပရဟိတအသင္းနဲ႔ ပူးေပါင္းၿပီး စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြအတြက္ စားခ်င္သေလာက္စားေပးခ်င္သေလာက္ေပးသားသတ္လြတ္ထမင္းဆိုင္ေလးကို ဖြင့္လွစ္ခဲ့တာပဲျဖစ္ပါတယ္။

ဆိုင္ေလးရဲ႕ တည္ေနရာကေတာ့ ေတာင္ဒဂုံ ၅၆ရပ္ကြက္ ပုဂံလမ္းမႀကီးေပၚ ဝနဝါသီဘုန္းႀကီးေက်ာင္းေရွ႕ မွာ ဖြင့္လွစ္ထားပါတယ္တဲ့။ CeleGabar ပရိသတ္ႀကီးေရ ေမပန္းခ်ီတို႔ ဖြင့္လွစ္ထားတဲ့ ဒီဆိုင္ေလးကေတာ့ (၇)ရက္သားသမီးမည္သူမဆို စားသုံးလို႔ ရပါတယ္တဲ့။ တကယ္ကို မြန္ျမတ္လွတဲ့ အလႉေလးပါ ပန္းခ်ီရယ္။

Source – May Panche
Chilli – CeleGabar