Miss Universe ပြိုင်ပွဲကြီးကို ပြိုင်ခဲ့တာ (၁)နှစ်ပြည့်အနေနဲ့ယှဉ်ပြိုင်နေခဲ့စဉ်က အမှတ်တရတချို့ကို ပြန်လည်မျှဝေလာခဲ့တဲ့ သူဇာဝင့်လွင်

Posted on

ပရိသတ်ကြီးရေ သူဇာဝင့်လွင်ကတော့ Miss Universe ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ မြန်မာဂုဏ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း Role Model တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

သူဇာဝင့်လွင်ကတော့ ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်မှာ အခက်အခဲတွေများစွာနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရပေမဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်တဲ့အတွက် တကယ်ကိုပဲ ပရိသတ်တွေက သူဇာဝင့်လွင်အတွက် ဂုဏ်ယူခဲ့ကြရပါသေးတယ်။ သူဇာဝင့်လွင်ကတော့ Miss Universe ပြိုင်ပွဲကြီးကို ပြိုင်ခဲ့တာ (၁)နှစ်ပြည့်သွားခဲ့ ခုချိန်မှာတော့ ပြိုင်ပွဲတစ်လျှောက် အမှတ်တရတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။

“ဒီနေMiss Universe ပြိုင်တာ ၁နှစ်ပြည့်သွားပီဆိုတော့ သူဇာပြိုင်ပွဲတုန်းကပုံလေးတွေကို စာလေးတွေနဲ့ အမှတ်တရတင်ပေးလိုက်ပါတယ်။ သူဇာ့ကိုအခုချိန်ထိအားပေးကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ် Love you all ” ဆိုပြီးတော့လည်း ပြိုင်ပွဲသွားခဲ့စဉ်က ပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါတယ် CeleGabar ပရိသတ်ကြီးရေ။

Source – ThuZar Wint Lwin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar