အပြုံးတွေဝေဝေဆာဆာနဲ့ ကြည်နူးဖွယ်အပြည့်မင်္ဂလာပွဲ အခမ်းအနားဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ထက်ယံ

Posted on

ပရိသတ်ကြီးရေ ထက်ယံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ထွက်သမျှသီချင်းတိုင်းကလည်း ပေါက်ပြီး လူငယ်ပရိသတ်တွေကြားမှာ တော်တော်လေးကို နာမည်ကြီးတဲ့ မြန်မာနိုင်ငံရဲ့လူငယ်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

ထက်ယံကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲခဲ့ပြီး လက်ထပ်ပွဲကျင်းပတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို Surprise တိုက်ခဲ့တာကြောင့် ပရိသတ်တွေက အံ့သြဝမ်းသာဖြစ်ခဲ့ကြပါသေးတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလှတဲ့ အပြင် တစ်ယောက်နဲ့ တစ်ယောက် အချစ်စစ်နဲ့ ချစ်ကြသူနှစ်ယောက်ရဲ့ ပေါင်းဖက်တဲ့ ပွဲလေးကတော့ တကယ်ကို ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အားကျနေခဲ့ရပါသေးတယ်။

ဒီနေ့မှာလည်း ထက်ယံကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပွဲမှာပျော်ရွှင်မှုတွေပြည့်နှက်နေခဲ့တဲ့ သူတို့ချစ်သူနှစ်ဦးရွှေလက်တွဲအခမ်းအနား ဗီဒီယိုအတိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက ထက်ယံတို့ အတွဲလေးကို အားကျနေကြတဲ့ ပရိသတ်တွေအတွက် ထပ်မံအားကျရမယ့် ဒီဗီဒိယိုလေးကို မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Htet Yan
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Htet Yan
Chilli – CeleGabar