Team 143 နဲ့အတူ MTV လေးတစ်ပုဒ် ရိုက်ကူးနေခဲ့တဲ့ ချမ်းမြေ့မောင်ချို

Posted on

ပရိသတ်ကြီးရေ ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့စဉ်ကတည်းက ပရိသတ်အခိုင်အမာရရှိထားခဲ့ပြီး လက်ရှိမှာလည်း ကိုယ်ပိုင်သီချင်းတွေ ထွက်ရှိထားတဲ့ အထိအောင်မြင်မှုတွေရရှိထားခဲ့ပါသေးတယ်။

မောင်ချိုလေးကတော့ ပြီးခဲ့တဲ့ လတွေက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး မကြာခင်အချိန်ကအနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်း ပရိသတ်တွေကို ပြန်လည်အသိပေးခဲ့ပါတယ်။ မောင်ချိုလေးရဲ့ ပရိသတ်တွေကလည်း မောင်ချိုရဲ့အနုပညာဖန်တီးမှုတွေကို စောင့်မျှော်နေခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ မောင်ချိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Team 143 နဲ့အတူ MTV လေး တစ်ခုကိုရိုက်ကူးနေကြောင်း ပုံလေးတစ်ပုံနဲ့ အသိပေးလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ MTV အသစ်လေးကတော့ Just a Moment သီချင်းအတွက် MTV လေးပါတဲ့။

Source – ChanMyae MgCho
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

Team 143 နဲ႔အတူ MTV ေလးတစ္ပုဒ္ ႐ိုက္ကူးေနခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ

ပရိသတ္ႀကီးေရ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ တစ္ေယာက္ပဲျဖစ္ပါတယ္။ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးကို ပါဝင္ယွဥ္ၿပိဳင္ခဲ့စဥ္ကတည္းက ပရိသတ္အခိုင္အမာရရွိထားခဲ့ၿပီး လက္ရွိမွာလည္း ကိုယ္ပိုင္သီခ်င္းေတြ ထြက္ရွိထားတဲ့ အထိေအာင္ျမင္မႈေတြရရွိထားခဲ့ပါေသးတယ္။

ေမာင္ခ်ိဳေလးကေတာ့ ၿပီးခဲ့တဲ့ လေတြက သူ႔ရဲ႕အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး မၾကာခင္အခ်ိန္ကအႏုပညာအလုပ္ေတြျပန္လည္လုပ္ကိုင္ေတာ့မယ့္အေၾကာင္း ပရိသတ္ေတြကို ျပန္လည္အသိေပးခဲ့ပါတယ္။ ေမာင္ခ်ိဳေလးရဲ႕ ပရိသတ္ေတြကလည္း ေမာင္ခ်ိဳရဲ႕အႏုပညာဖန္တီးမႈေတြကို ေစာင့္ေမွ်ာ္ေနခဲ့ၾကပါေသးတယ္။

ဒီေန႔မွာေတာ့ ေမာင္ခ်ိဳက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန Team 143 နဲ႔အတူ MTV ေလး တစ္ခုကို႐ိုက္ကူးေနေၾကာင္း ပုံေလးတစ္ပုံနဲ႔ အသိေပးလာခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးေရ MTV အသစ္ေလးကေတာ့ Just a Moment သီခ်င္းအတြက္ MTV ေလးပါတဲ့။

Source – ChanMyae MgCho
Chilli – CeleGabar