ဦးဇင်းကိတ္ထသာရ(ဦးကျော်ဟိန်း)ရဲ့ မွေးနေ့မှာ သံဃာတော်တွေအတွက် ဝါဆိုသင်္ကန်းလှူဒါန်းပေးခဲ့တဲ့ သားညီ

Posted on

လွန်ခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့က ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ နိုင်ငံကျော်မင်းသားကြီးကျော်ဟိန်း ပျံလွန်မူခဲ့တဲ့သတင်းကြောင့် ပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရမှာပါ။ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ(၁၄) ရက်နေ့ကတော့ ဦးဇင်းသာရှိဦးမယ်ဆိုရင် (၇၃) နှစ်ပြည့်မွေးနေ့လေး ဖြစ်မှာပါ။

မွေးနေ့မရောက်ခင် သုံးရက်အလိုမှာ ကွယ်လွန်သွားခဲ့တဲ့ ဦးဇင်းရဲ့ဒီနေ့မွေးနေ့လေးမှာတော့ တူဖြစ်သူ သားညီနဲ့ ဆွေမျိုးမိသင်္ဂဟများက ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ပေးခဲ့ကြောင်း သားညီရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ” July 14 ဦးဇင်းကြီးမွေးနေ့ မှာ ကျန်ရစ်သူ ညီ အစ်ကို မောင်နှမများနဲ့
တူ တူမများက သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူပူဇော်ပါတယ် … ပြုသမျှ ကုသိုလ်အပေါင်းကို အမျှပေးဝေပါတယ် ခင်ဗျာ ” ဆိုပြီး ဦးဇင်းကိတ္ထသာရအတွက် လုပ်ပေးခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

သရုပ်ဆောင်၊အဆိုတော်၊ဒါရိုက်တာ ဘက်ပေါင်းစုံမှာထူးချွန်ခဲ့တဲ့ သဘာဝမင်းသားကြီးဦးကျော်ဟိန်းကတော့ (၂၀၀၈) ခုနှစ်ကစပြီး လောကီချမ်းသာအကုန်လုံးကို စွန့်လွှတ်ကာ တရားရှာခဲ့သူမို့ ကောင်းရာမွန်ရာရောက်မှာ အမှန်ပါပဲ။ ဦးဇင်းကြီးကိတ္ထသာရရဲ့မွေးနေ့မှာ သူ့အတွက်ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်ပေးခဲ့ကြတဲ့ သားညီတို့ရဲ့ အလှူအကျိုးကိုလည်း ရပြီး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Source – Thar Nyi
Rainbow- Cele Gabar