မကြာခင်မှာ သမီးလေးကို တွေ့ရတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဘေဘီကတော့ လက်ရှိမှာ သမီးဦးလေးကိုကိုယ်ဝန်လွယ်ထားရပြီး မကြာခင်အချိန်မျာမွေးဖွားတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။

ဘေဘီမောင်ကတော့ သမီးလေးကို မွေးဖွားခါနီးသမီးလေးအပေါ်ထားရှိတဲ့ သူ့ရဲ့ခံစားချက်တွေကို “ကျွန်မတို့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်။ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ် ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံး အစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာ

အေးချမ်းတဲ့မိသားစုလေးဖန်တီးပေးတဲ့လောကကြီးရေ”ဆိုပြီး သမီးလေးကိုတွေ့ရတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားကာ ဝမ်းသာပီတိဖြစ်နေခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပထမဆုံးရင်သွေးလေးဆိုတော့ မိဘတွေကစိတ်လှုပ်ရှားပျော်ရွှင်နေတာကတော့ သဘာဝပါပဲနော်။

Source – Thandar Zaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Thandar Zaw
Chilli – CeleGabar