” မိခင်ကြီးရဲ့ငယ်စဥ်ကတည်းချောမောမှုကိုပုံလေးတွေနဲ့သက်သေပြကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့စံရတီမိုးမြင့်”

Posted on

Cele Gabar ပရိသတ်ကြီးရေ စံရတီမိုးမြင့်ကတော့ကျန်းမာရေးလိုက်စားကာ အမိုက်စား ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသမီးတွေထဲကတစ်လက်ပါ။


သူမကတော့ ဘယ်သူတွေဘယ်လိုတိုက်ခိုက်ပြောဆိုပြောဆို သူမအနေနဲ့ တည်ငြိမ်ရင့်ကျက်စွာဖြတ်သန်းနေတဲ့သူလေးလည်း ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မေလ၂၀ရက်နေ့မှာကတော့ သူမရဲ့မိခင်ကြီးမွေးနေ့ဖြစ်ကြောင်းပြောပြလာခဲ့တာပါ။

” Happy Birthday အမေ 🎂 သိပ်မတည့်ပေမယ့် အမေ့မျက်နှာလေးပေးထားလို့ကျေးဇူး😝💗”ဆိုတဲ့စာလေးနဲ့ မိခင်ကြီးရဲ့ငယ်ဘဝပုံရိပ်တွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ CeleGabarပရိသတ်ကြီးရေ သဲရဲ့မေမေကတော့ မင်းသမီးရှုံးရလောက်အောင်လှချက်ပါပဲနော်။

Koe- CeleGabar
Source- SanYatiMoeMyint
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar