” မြန်မာ့စိတ်ရင်းအခမဲ့ဆေးခန်းနှင့်စားချင်သလောက်စားပေးချင်သလောက်ပေးထမင်းဆိုင်အတွက် အလှူငွေ၁သိန်းကျပ်ပါဝင်လှူဒါန်းခဲ့တဲ့ နေလင်းကျော်”

Posted on

CeleGabarပရိသတ်ကြီးရေ Myanmar Idolပြိုင်ပွဲကနေတဆင့်ပရိသတ်အားပေးမှုတွေရရှိခဲ့တဲ့နေလင်းကျော်ကတော​့အခုဆိုရင်အနုပညာလမ်းကြောင်းမှာအဆိုတော်အဖြစ်ရပ်တည်လျက်ရှိနေပြီပဲ ဖြစ်ပါတယ်။ သဘောထားချင်မတိုက်ဆိုင်လို့အိမ်ထောင်ရေးကို ပြတ်စဲပြီးနောက်မှာ စီးပွားရေးလုပ်ငန်းတွေဘက်ကိုလည်းစတင်လုပ်ဆောင်လျက်ရှိနေတာပါ။

 

ဒါ့အပြင်လက်ရှိမှာလည်း”ကျွန်တော်တို့မြန်မာ့စိတ်ရင်းအခမဲ့ဆေးခန်းနှင့်စားချင်သလောက်စားပေးချင်သလောက်ပေးထမင်းဆိုင်အတွက်လိုအပ်သည့်နေရာအသုံးပြူနိုင်ရန်ညီငယ် စတူဒိယိုတေး သံရှင်Nay Lin Kyaw နှင့်သူငယ်ချင်းများမှ ဆိုင်သို့လာရောက်၍အလှူငွေ ၁၀၀၀၀၀ကျပ် လှူဒါန်းပါသည်ခင်ဗျနတ်လူသာဓုခေါ်စေသော်”ဆိုတဲ့စာလေးနဲ့မြန်မာ့စိတ်ရင်းပရဟိတအဖွဲ့သားတစ်ဦးကတင်လာခဲ့တာပါ။

နေလင်းကျော် ကိုယ်တိုင်ကလည်း ”အကိုတွေနဲ့အတူလှူဖြစ်ခဲ့တာလေး”ဆိုတဲ့စာလေးနဲ့ဖော်ပြခဲ့တာပါ။CeleGabarပရိသတ်တွေလည်း နေလင်းကျော်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Koe- CeleGabar
Source- Nay Lin Kyaw
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar
Source- Nay Lin Kyaw