” သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့အပြောတွေ ရပ်သွားစေမယ့် အရာကို တစ်လအတွင်း ပြုလုပ်တော့မယ့်မြတ်သူသူ”

Posted on

CeleGabar ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ လို့ဆိုလိုက်တာနဲ့ သူမရဲ့ဇာတ်ကောင်မြညိုကို တွဲ
မြင်ကြမယ်ထင်ပါတယ်နော်။ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ကောင်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးတွေထဲကတစ်ယောက်လို့ ဆိုရမှာပါ။


သူမအနေနဲ့လတ်တလောမှာအနုပညာအလုပ်တွေရပ်နားဖြစ်ခဲ့ပြီး ကျန်းမာရေးကြောင့်ဝိတ်တွေတက်လာခဲ့တဲ့အပေါ်ဝေဖန်မှုများစွာခံခဲ့ရသူလေးပါ။ လက်ရှိမှာတော့”ဒီပုံလေးက အခုလက်ရှိပေါင်ချိန် (150) ဘဝရဲ့အဝဆုံးအချိန်လေးမှာရှိနေတာပါ မနက်ဖြန်ကစပြီး (၁) လတိတိ နေရင် ဝိတ်ချပြီးပုံပြန်တင်ပေးပါမယ်နော် ဒီတလအတွင်းမှာ တိုင်ပင်ဆွေးနွေးပြီး ဝိတ်ချခဲ့တာလေးတွေလည်း သေချာပြန်တင်ပေးပါမယ် Fighting နော် ကောင်မလေး 😁”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်မှာပြောပြလာခဲ့တာပါ။

တကယ်ကိုပြောင်းလဲမှုတွေပြုလုပ်တော့မယ့်မြတ်သူသူအတွက် အားပေးစကားလေးပြောခဲ့ကြပါဦးCeleGabarပရိသတ်ကြီးရေ။


Koe- CeleGabar
Source- MyatThu thu
ZawgyiFontဖြင့်ဖတ်ရန်


 






Koe- CeleGabar
Source- MyatThu thu