ကိုယ်တိုင်ရေးဆွဲထားတဲ့ lotus leaf painting ပန်းချီကားလေးကို ထုတ်ကြွားလာတဲ့ ယုသန္တာတင်

ပရိသတ်ကြီးရေ ယုသန္တာတင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ကိုအောင်မြင်မှုတွေရရှိထားခဲ့တဲ့ ယုကတော့ လက်ရှိအချိန်မှာတော့အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေခဲ့ပါတယ်။

ယုကတော့ လက်ရှိမှာ သူဝါသနာပါတဲ့ အလုပ်လေးတွေကို လုပ်ကိုင်ပြီး ဘဝကိုအေးအေးချမ်းချမ်းသာဖြတ်သန်းနေခဲ့ပါတယ်။ လတ်တလောမှာ ပန်းချီဆွဲတဲ့ သင်တန်းလေးကို တက်ရောက်နေခဲ့ပြီး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးတစ်ချပ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ယူစွာနဲ့ မျှဝေလာခဲ့ပါတယ် ပရိသတ်ကြီးရေ။

“ကိုယ့်ရဲ့ TGIS လေး. စိတ်မရှည်တဲ့ကိုယ်လေး lotus leaf painting လုပ်တဲ့အတန်းလေး ပြီးအောင်တက်နိုင်ခဲ့ပြီ” ဆိုပြီးတော့ သင်တန်းလေးကို အောင်မြင်ပြီးဆုံးအောင်တက်နိုင်ခဲ့တဲ့အတွက်လည်း ပီတိဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တကယ်ကို သင်တန်းတက်နေတဲ့သူတစ်ယောက်ရဲ့ ပန်းချီကားလို့ မထင်ရအောင်ကို လှလိုက်တာနော်။

Source – YU Thandar Tin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – YU Thandar Tin
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x