ပရိသတ်ကြီးရေ အောင်သူကတော့ ပရိသတ်တွေရဲ့ အချစ်တော် နိုင်ငံလက်ရွေးစင်ဘောလုံးကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ မေလ (၂၂)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အောင်သူရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
ဒီနေ့အောင်သူရဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ အောင်သူရဲ့ ဇနီးချောလေးဖြစ်တဲ့ ပိုးအိအိခန့်ကတော့ ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်အနေနဲ့ မွေးနေ့ကုသိုလ်တွေကို အလိုက်တသိပြုလုပ်ပေးခဲ့ပါတယ်။ မွေးနေ့ကောင်းမှုတွေအနေနဲ့ နေအိမ်မှာ ကိုးကွယ်တဲ့ မြတ်စွာဘုရားမှာ ဓါတ်ကြီးလေးပါးဆွမ်းကပ်လှူပူဇော်ကာ ပန်းအလှလေးတွေ ထိုးပြီး ကပ်လှူပူဇော်ပါတယ်။
ဒါ့အပြင် သံဃာများအားဆွမ်းကပ်လှူပူဇော်ပြီး ထမင်းဗူး အယောက် ၁၀၀ စာ ဝေပေးဖို့လည်း လှူဒါန်းပေးခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပိုးအိအိခန့်ကတော့ တကယ်ကို ခင်ပွန်းအတွက် ဇနီးကောင်းပီသလွန်းလှပါပေတယ်နော်။ ဖေဖေအောင်သူတော့ အလိုက်သိတဲ့ချစ်ဇနီးလေးကို အချစ်ပိုနေရမှာပဲနော်။
Source – Poe Ei Ei Khant
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ခင်ပွန်းဖြစ်သူအောင်သူရဲ့ မွေးနေ့အတွက် အလိုက်တသိနဲ့ ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ပိုးအိအိခန့်
Source – Poe Ei Ei Khant
Chilli – CeleGabar