ချစ်ရတဲ့ မိခင်ကြီးရဲ့ မွေးနေ့အတွက် ကျန်းမာသက်ရှည်စေဖို့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စည်သူမောင်

Posted on

ပရိသတ်ကြီးရေ စည်သူမောင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး ချစ်တဲ့ပရိသတ်တွေကတော့ ရှိနေစဲပါ။

ဒီနေ့ မေလ (၂၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် စည်သူမောင်ရဲ့ မိခင်ကြီး မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ စည်သူမောင်ကတော့ မိခင်ကြီးရဲ့ မွေးနေ့အတွက် “𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 ပါ ချစ်သော မေမေ ခင်ဗျား…”ဒီနေ့ May လ 22 ရက်နေ့ အမေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အမေချစ်တဲ့ ခင်ပွန်း သားတွေ သမီးဖူးငုံ မြေးအသဲလေး ဗန်ဗန် တို့နဲ့အတူ ကျန်းမာ အသက်ရှည်ပြီး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။ လိုရာဆန္ဒအားလုံး ပြည့်ဝ နိုင်ပါစေ။

ဘာသာ သာသနာအကျိုးဆောင်ရွက်နိုင်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားထူးတရားမြတ်များလည်း ရရှိအားထုတ်နိုင်ပါစေ။ ” 𝐈 𝐋𝐨𝐯𝐞 𝐘𝐨𝐮 , 𝐖𝐞 𝐋𝐨𝐯𝐞 𝐘𝐨𝐮 𝐌𝐨𝐦 ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း စည်သူမောင်ရဲ့ မိခင်ကြီးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Si Thu Maung
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Si Thu Maung
Chilli – CeleGabar