“လောကကြီးမှာအခက်ခဲအတားအဆီးတွေကြောင့် စိတ်ဓာတ်ကျကာ အားငယ်နေသူတွေအတွက်အားပေးစကားပြောလာတဲ့ ဘီလီလမင်းအေး”
Posted on
CeleGabarပရိသတ်ကြီးရေ ဘီလီလမင်းအေးကတော့ Myanmar idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနုပညာလောကထဲဝင်ရောက်ခဲ့သူပါ။အခုဆိုရင်သူမရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့ဂီတလောကမှာ နေရာတစ်နေရာရကာ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကိူအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။
ဒီနေ့မှာတော့”သို့ ✍🏻ချစ်ရသူများ တစ်ခါတစ်လေဖူးတို့ဘဝမှာ အခက်ခဲအတားအဆီးတွေကြောင့်ရှေ့မဆက်နိုင်၊ ဘားမှမလုပ်နိုင်ဘဲရပ်တန့်ပြစ်လိုက်တာမျိုးကြုံဖူးကြမှာပါနော်။ ဒီနေ့ ဖူးဒီနေ့ မတွန့်ဆုတ်ဘဲရှေ့လှမ်းနိုင်ဖို့ခွန်အားပေးစကားလေးနည်းနည်းပြောမယ်နော်။❤️တစ်ခါတစ်လေ အစွန့်ပစ်ခံရတဲ့ပစ္စည်းတစ်ခုက အခြားသူတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်နေတတ်တယ်။
– တစ်ခါတစ်လေ အနင်းချေခံခဲ့ရတဲ့ လူတစ်ယောက်က လောကကြီးအတွက် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာတတ်တယ်။
– တစ်ခါတစ်လေ ရင်းနှီးပေးဆပ်မှုတွေက လတ်တလောမှာတန်ဖိုးဖြစ်မလာပေမဲ့ အချိန်ကြာလာပြီးမရနိုင်တော့တဲ့အချိန်ရောက်မှလွတ်တဲ့ငါးကကြီးနေတတ်တယ်။ တစ်ခါတစ်လေ တချို့သောလွဲချော်မှုတွေက မထိုက်တန်လို့တန်ဖိုးမညီမျှလို့မဟုတ်ဘဲ ပိုမြင့်မားတဲ့နေရာရောက်ဖို့တမင်သက်သက် လွဲချော်ပေးတာတွေဖြစ်နေတတ်တယ်။
– စွန့်ပစ်ခံရတိုင်းတန်ဖိုးမရှိလို့မဟုတ်သလို လွဲချော်မှုတွေရှိတိုင်းကံဆိုးလို့မဟုတ်ပါဘူး။ ပေးဆပ်နေရတိုင်းတန်ပြန်သက်ရောက်မှုမရှိတာ မဟုတ်သလို အနှင်းခံရတိုင်းဘဝက ပြားသွားတာမဟုတ်ပါဘူး။
– ဘာပဲဖြစ်ဖြစ်ပါ ဖြစ်လာသမျှကိုအကောင်းဆုံးရင်ဆိုင်ပြီးကိုယ်ကိုယ်တိုင်က မပြိုလဲသေးသရွေ့ကိုယ့်ကိုဘဝပျက်သွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးဆိုတာကိုယုံကြည်မှုရှိရှိနဲ့ အတူတူရှေ့ဆက်ကြရအောင်။ အဓိကကတော့ဘုရားကိုမမေ့ပါနဲ့နော်။ ချစ်တဲ့ဖူး❤️”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားအကြံပေးလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ဘီလီလမင်းအေးရဲ့အကြံပေးစကားလေးတွေကိုသဘောကျရင်မှတ်ချက်တစ်ခုခု ပေးခဲ့ပါဦးနော်။
Koe-CeleGabar
Source- Billy La Min Aye
Koe-CeleGabar
Source- Billy La Min Aye