ညီအစ်မနှစ်ယောက်ပဲတူတူရှိတဲ့ဘဝမှာ ညီမလေးရဲ့ သိတတ်လိမ္မာမှုကြောင့် ပီတိတွေဖြစ်နေခဲ့တဲ့ မေပန်းချီ

Posted on

ပရိသတ်ကြီးရေ မေပန်းချီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ ပန်းချီကတော့ မိသားစုအပေါ်မှာ သိတတ်လိမ္မာတဲ့ သမီးလိမ္မာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ မိခင်မရှိတော့တဲ့ အချိန်မှာ ညီမလေးကိုပဲပြုစုစောင့်ရှောက်ရင်းသားဖြတ်သန်းနေခဲ့ပါတယ်။

မိခင်မရှိတော့တဲ့နောက်ပိုင်းညီမလေးအပေါ်မှာ အမကောင်းပီသစွာနဲ့ကို ထိန်းသိမ်းစောင့်ရှောက်နေခဲ့ပြီး ညီမလေးကလည်း သူ့အပေါ်မှာ ပြန်လည်သိတတ်လိမ္မာတာကြောင့်ပီတိဖြစ်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ မေပန်းချီက “သူဝိတ်ချနေလို့ ထမင်းမစားပေမဲ့ အစ်မစားချင်တာ ချက်ကျွေးတတ် တဲ့ညီမအလိမ်မာလေးတစ်ယောက် ကိုယ့်မှာရှိတယ်။

ဟင်းကိုမမြည်းပဲချက်ထားတာ လက်ရာကွက်တိ” ဆိုပြီး ကိုယ်တိုင်ထမင်းမစားပေမဲ့ အမအတွက် ဖွယ်ဖွယ်ရာရာချက်ပေးထားတဲ့ ညီမလေးကြောင့် မေပန်းချီက ပီတိတွေကို ကြည်နူးစွာနဲ့ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပန်းချီကတော့ ညီမလေးကြောင့် အမောတွေပြေနေမှာပဲနော်။

Source – May Panche
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – May Panche
Chilli – CeleGabar