“အလှအပရေးရာပြောင်းလဲမှုနဲ့ပတ်သက်ပြီး သူမရဲ့ပင်ကိုယ်ဖြစ်တည်မှုကိုပဲ သဘောကျကြောင်း ခံယူချက်လေးကို ပြောပြလာတဲ့ မေနွယ်ထွန်း”
Posted on
CeleGabarပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ဇာတ်လမ်းတွဲတချို့မှာပါဝင်ခဲ့ပြီးနောက်အခုနောက်ပိုင်းမှာlive saleတွေမှာလည်း နာမည်ကြီးတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါ။Single Motherဖြစ်ပေမယ့် ဘဝကိုကြိုးစားကာ သားလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာဖြတ်သန်းလျက်ရှိတာပါ။
အပြင်အလှူအတန်းတွေကိုလည်းရရင်ရသလို ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့အပြင် သူမရဲ့အကောင့်နဲ့Pageတွေမှာ လာရောက်အကူအညီတောင်းခံတဲ့ သူတွေကို သူမအနေနဲ့ တတ်နိုင်သလောက်အမြဲတမ်းကူညီဖေးမလေ့ရှိတဲ့သူတစ်ယောက်ပါ။ ပွင့်လင်းဖော်ရွေကာ တစ်ဖက်သားအပေါ်အမြဲကူညီချင်စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တွေထဲကတစ်ဦးလို့ပဲဆိုရမှာပါ။
လက်ရှိမှာလည်းအလှအပရေးရာဆိုင်ရာနဲ့ပတ်သက်တဲ့ အကြောင်းအရာကို သူမအားအကြံဉာဏ်တောင်းလာတဲ့အပေါ်”ကျမက်ို တချို့ ညီမလေးတွေ မမတွေက လာလာမေးကြတယ် ။ အသားဖြူဆေးထိုး ချင်လို့ ဆေးသောက်ချင်လို့ဘယ်ဟာကောင်းလဲတဲ့။ ကျမ အကြံပေးချင်တာကလေဆွိကကျ အသားညိုတယ် အဲ့ညိုတာကိုကြိုက်တယ်ကို့ရဲ့ဖြစ်တည်မှူကို ကျေနပ်တယ်ပေါ့။ အသားကို ဖြူအောင်လုပ်တာထက် အသားအရေကို စိုပြေအောင်လုပ်တာ ပိုကောင်းတယ်လို့ပဲ အကြံပေးပါရစေကို့အသားအရေကို လေ ဖြူအောင်ဆေးတွေထိုးတာအားသိပ်မပေးဘူး။ အသားအရေလေးကြည်အောင် တလတခါလောက် ဖြစ်ဖြစ် Spa လေးလုပ် Lotion ကောင်းကောင်းလေးလိမ်းသေချာဂရုစိုက်ပေးရင် ရပြီထင်တယ်လို့အာ့လေး အကြံပေးတာပါနော် ။အမျိုးသမီးတိုင်း အန္တရာယ်ကင်းစွာ
လှပနိုင်ကြပါစေ။”ဆိုတဲ့စာလေးနဲ့ ကောင်းမွန်တဲ့အကြံလေးတွေပေးခဲ့တာပါ။CeleGabarပရိသတ်တွေလည်းမေနွယ်ထွန်းရဲ့ခံယူချက်လေးကိုသဘောကျရင်မှတ်ချက်ပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Source- Sweet
Koe-CeleGabar
Source- Sweet