မွေးနေ့အလှူလေးအဖြစ် YGW ကျောင်းနဲ့ စစ်ဘေးရှောင်မိဘမဲ့ ကလေးတွေအတွက် လှူဒါန်းမှုပြုခဲ့တဲ့ မေလသံစဉ်

Posted on

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးပဲဖြစ်ပါတယ်။ ခေတ်သီချင်းတွေရော မြန်မာသံသီချင်းတွေကို ပါပိုင်နိုင်စွာ သီဆိုနိုင်တဲ့အတွက် လူကြီးလူငယ်မရွေး အားပေးချစ်ခင်မှုကို ရရှိထားတဲ့ လူငယ်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ မေလ (၂၃)ရက်နေ့လေးကတော့ အဆိုတော် မေလသံစဉ်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ မေလ သံစဉ်ကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ ဘုရားသွားကောင်းမမှုကုသိုလ်တွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အမြန်လမ်း (၈၉)မိုင် (၅)ဖာလုံမှာ တည်ရှိတဲ့ YGW ကလေးများစောင့်ရှောက်ရေးကျောင်းမှာရှိတဲ့ သံဃာတော်တွေနဲ့ ကလေးတွေအတွက် ဆွမ်းဆန်တော် (၁၉)အိတ် (တန်ဖိုးငွေ -၆၆၅၀၀၀ကျပ်)ကို လှူဒါန်းခဲ့ပါတယ်။

နောက်ထပ်လည်း မွေးနေ့အလှူအနေနဲ့ တိက္ခာရာမ သီလရှင်လရှင်စာသင်တိုက်ကနေ နေရာအသီသီးကစစ်ဘေးရှောင်မိဘမဲ့ကလေးများအတွက် အလှူငွေ (၅)သိန်းကျပ်ကို လှူဒါန်းခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မေလသံစဉ်ရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ရင်း မေလအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – မေလသံစဉ် May Melody
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar