” ကွယ်လွန်သူဖခင်ကြီးအားရည်စူးပြီးတော်ဝဆရာတော်ဘုရားကြီးကျောင်းအဝင်လမ်းမချောစေရန် အခင်းများကို လှူတန်းခဲ့တဲ့ ဂျွန်လွင်”

Posted on

CeleGabar ရိသတ်ကြီးရေ ဆရာဂျွန်လွင်ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး အောင်မြင့ကျော်ကြားတဲ့အနုပညာရှင်တွေထွက်ပေါ်လာအောင်သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။ အရေးကြီးတဲ့ထိပ်တန်းအနုပညာပွဲတွေမှာလည်း ဆရာဂျွန်လွင်ဟာမပါမဖြစ်ပါဝင်ရသူတစ်ဦးဖြစ်ပြီး အကြင်နာထွန်းကားရေး​ နာမည်လေးနဲ့ လိုအပ်တဲ့နေရာတွေမှာ အစွမ်းကုန် လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ ”ကွယ်လွန်သူဖခင်ကြီးဦးလှမြင့်အားရည်စူး၍ မိခင်ကြီးဒေါ်မြမြအေး (သား) ဂျွန်လွင် မှ
ဓနုဖြူမြို့ /တော်ဝဆရာတော်ဘုရားကြီးကျောင်းအဝင်လမ်းမချောစေရန် အခင်းများ လှူတန်း ပေးပါတယ်ဤကုသိုလ်အား နတ်လူ သတ္တဝါမှန်သမျှ အနန္တတွေ ထပ်တူထပ်မျှ ရရှိကြပါစေ 🙏
#johnlwin#အကြင်နာတရားထွန်းကားရေး”တိုတဲ့စာလေးနဲ့ လှူဒါန်းမှုလေးကိုပြောပြလာခဲ့တာပါ။

အမြဲမိဘတွေအပေါ်မှာ သိတတ်ကြည့်ရှူစောင့်ရှောက်နေတဲ့ ဆရာဂျွန်လွင်ကတော့ အလှူအတန်းနဲ့ပတ်သက်ရင်လည်း သဒ္ဓါတရားအမြဲ ပြည့်ဝသူတစ်ယောက်ပါ။ CeleGabarပရိသတ်တွေလည်း ဆရာဂျွန်လွင်ရဲ့အလှူအတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။


Koe- CeleGabar
Source- jhonlwin
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source- jhonlwin