စစ်ကိုင်းတိုင်း‌က မီးဘေးသင့် စစ်ဘေးရှောင်မိဘပြည်သူများအတွက် အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ လုလုအောင်

Posted on

ပရိသတ်ကြီးရေ လုလုအောင်ကတော့ မော်ဒယ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။လုလုအောင်ကတော့ Single Mother အနေနဲ့ ရပ်တည်နေပြီး သူ့ရဲ့ချွေးနည်းစားငွေကြေးတွေကိုတော့ အမြဲတမ်းလိုလို ရက်ရက်ရောရောလှူဒါန်းလေ့ရှိပါတယ်။

ဒီနေ့မှာလည်း လုလုအောင်ကတော့ မွန်မြတ်လှပြီး ပရိသတ်တွေသာဓု အကြိမ်ကြိမ်ခေါ်ဆိုရလောက်တဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ “စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်းရှိ မီးဘေးသင့် စစ်ရှောင် မိဘပြည်သူများအတွက် အလှုငွေ ၁,၀၀၀,၀၀၀ ကျပ်တိတိ ပူးပေါင်း ပါဝင်ကူညီ လှုဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီအလှူလေးကိုတော့ လုလုအောင်က မွေးနေ့အလှူလေးအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ CeleGabar ပရိသတ်ကြီရေ ပရိသတ်တွေလည်း လုလုအောင်ရဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ သာဓုခေါ်ဆိုရင်း လုလုအောင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Source – Refugee Support Group
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar