” မန္တလေးမြို့မှာရိုက်ကူးရေးလုပ်ရင်း အရွယ်နဲ့မလိုက်အောင်ပင်ပင်ပန်းပန်းစျေးရောင်းနေတဲ့ အဘွားအိုနှစ်ဦးကို ၁သိန်းကျပ်စီလှူဒါန်းခဲ့တဲ့ မိုးစက်”
Posted on
CeleGabarပရိသတ်ကြီး​ေရမိုးစက်ကတော့ တက်သစ်စလူရွှင်တော်လေးဖြစ်ပေမယ့် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ကာ သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့ပေးလျက်ရှိတာပါ။ သူ့ရဲ့ကူညီထောက်ပံ့မှုတွေကို ပရိသတ်တွေကလည်း ချီးကျူးကာမုဒိတာကာပွားလျက်ရှိတာပါ။
လက်ရှိမှာလည်းမန္တလေးကိုရောက်ရှိနေခိုက်” “ဦးပိန်တံတား ဟိုး…ဘက်ကရွာက လာရောင်းတာပါ”ဟာ..အဖွားစျေးတောင်းထဲကပါတဲ့ ဝိတ်ကနည်းတာမှ မဟုတ်တာ ၊ဒီတောင်းကြီးခေါင်းပေါ်ရွက်ပြီး
သွားရတာဆိုတော့ မလွယ်ဘူးနော်….”ဟုတ်တယ် …ဒါပေမယ့် ငယ်ငယ်ကတည်းကဒီလိုဘဲရောင်းနေရတာပေါ့…”“အဖွား အသက်ရော ဘယ်လောက်ရှိပြီလဲ…”“(၈၀)…”ဟင်…ကျွန်တော်တို့ ကြော်ငြာရိုက်ကူးရေးအတွက်ပါလာတဲ့ အဖွဲ့သားတွေအားလုံးမျက်လုံးပြူးသွားကြတယ်။ဒီအသက်အရွယ်အထိ ဘဝကိုရုန်းကန်နေရတာမလွယ်ရှာဘူးပေါ့ဗျာ။“ကဲ ဒါဆို အဖွားမှာ ပါလာတဲ့ ဒါတွေအကုန်အားပေးလိုက်မယ်ဗျာ…အဖွားဘယ်လောက်ထားပေးမလဲ..”
ဟို ဟိုလေ အမေကြီး မသိဘူး အဆင်ပြေသလို ကြည့်ပေးပါ…”“ဒါဆို (၂)သောင်းထား အဆင်ပြေလားအမေကြီး..”ဟုတ်ရပါတယ်…”
“ရော့ ဒါက ၂သောင်း ဟင်းရွက်ဖိုးဒါက အဖွားကို ကန်တော့တာ တစ်သိန်း…”“ဟာ …ပိုက်ဆံကတွေက အများကြီးဘဲ..”ဒီနေ့ စျေးတောင်းဗလာကြီးကိုပိုက်ပြီး အဖွား စောစောပြန်နားတော့..”မနက်(၆)နာရီခွဲ ဝန်းကျင်အချိန်မှာ စောစောစီးစီး စျေးတောင်းဗလာကြီးပိုက်ပြီးအပြုံးတွေ ဝေဆာနေတဲ့ အဖွားရဲ့အပျော်ကဖြတ်သွားဖြတ်လာတွေ ၊ကြော်ငြာရိုက်ကူးရေး အဖွဲ့သားတွေအားလုံးကူးစက်စေခဲ့ပါတယ်။ဒီလိုနဲ့ နေ့လည်ဘက် ရွှေစာရံဘုရားဘက်မှာရိုက်ကူးရေးတည်ရင်းနဲ့လဲ ငါးမုန့်ကြော်ရောင်းတဲ့ အဖွားအို ကိုတစ်သိန်းကျပ် ထပ်မံလှူဒါန်းကန်တော့ခဲ့ပါတယ်။ဒီလှူဒါန်းမှူဟာ (၂၁.၅.၂၀၂၂)နေ့တုန်းကရိုက်ကူးရေးလုပ်ရင်း လှူဒါန်းခဲ့တာပါ။လှူဒါန်းပေးမှူအတွက် ကျွန်တော်နဲ့ (၇)ရက်သားသမီးများမှ စလုံးမှ အစ်ကိုတစ်ဦးက တစ်သိန်းကျပ်လှူဒါန်းပေးခဲ့ပါတယ် ။ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့အလှူရှင်အားလုံးကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။”ဆိုတဲ့စာလေးနဲ့ ရိုက်ကူးရေးအတွက်ရောက်ရှိနေပေမယ့်လည်း လှူဒါန်းမှုတွေကတော့ကြုံရင်ကြုံသလိုပြုလုပ်ခဲ့ကြောင်းပုံလေးတွေတင်လာခဲ့တာပါ။
Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်
” မန္တလေးမြို့မှာရိုက်ကူးရေးလုပ်ရင်း အရွယ်နဲ့မလိုက်အောင်ပင်ပင်ပန်းပန်းဈေးရောင်းနေတဲ့ အဘွားအိုနှစ်ဦးကို ၁သိန်းကျပ်စီလှူဒါန်းခဲ့တဲ့ မိုးစက်”
လက်ရှိမှာလည်းမန္တလေးကိုရောက်ရှိနေခိုက်” “ဦးပိန်တံတား ဟိုး…ဘက်ကရွာက လာရောင်းတာပါ”ဟာ..အဖွားဈေးတောင်းထဲကပါတဲ့ ဝိတ်ကနည်းတာမှ မဟုတ်တာ ၊ဒီတောင်းကြီးခေါင်းပေါ်ရွက်ပြီး
“ရော့ ဒါက ၂သောင်း ဟင်းရွက်ဖိုးဒါက အဖွားကို ကန်တော့တာ တစ်သိန်း…”“ဟာ …ပိုက်ဆံကတွေက အများကြီးဘဲ..”ဒီနေ့ ဈေးတောင်းဗလာကြီးကိုပိုက်ပြီး အဖွား စောစောပြန်နားတော့..”မနက်(၆)နာရီခွဲ ဝန်းကျင်အချိန်မှာ စောစောစီးစီး ဈေးတောင်းဗလာကြီးပိုက်ပြီးအပြုံးတွေ ဝေဆာနေတဲ့ အဖွားရဲ့အပျော်ကဖြတ်သွားဖြတ်လာတွေ ၊ကြော်ငြာရိုက်ကူးရေး အဖွဲ့သားတွေအားလုံး
Koe- CeleGabar
Source- MoeSat