” နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ရုပ်အတွက် ဝိတ်ကျအောင် အထူးဂရုစိုက်ပြုလုပ်နေကြောင်း ပြောပြလာတဲ့ ခင်သဇင်”

Posted on

ခင်သဇင်ကတော့ လေယာဥ်မယ်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲဝင်ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်CeleGabarပရိသတ်ကြီးရေ။ သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားများစွာရိုက်ကူးထားပြီး ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာလည်းမိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့ပါသေးတယ်။

လက်ရှိမှာလည်း”နောက်ရိုက်မယ့် character အတွက် ဝိတ်ကျဖို့ လိုတော့ ကြိုးစားနေရတယ်…ဘာ character ဖြစ်မလဲ စောင့်ကြည့်ပေးဦးနော် 🎥🎥🎥”ဆိုတဲ့ စာလေးနဲ့အတူ Gymဆော့နေတဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။မကြာသေးမီကလည်းကချင်ပြည်နယ်ထိသွားရောက်ကာ ရိုက်ကူးရေးတွေပြုလုပ်ခဲ့တဲ့မင်းသမီးလေးကတော့ လက်ရှိမှာလည်း ဘယ်လိုဇာတ်ကားတွေရိုက်ကူးဖို့အတွက်ဝိတ်တွေလျော့နေလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။


CeleGabarပရိသတ်တွေလည်း ခင်သဇင်တစ်ယောက် ဘယ်လိုမျိုးဇာတ်ရုပ်နဲ့ပရိသတ်တွေရှေ​့ရောက်ရှိလာမလဲဆိုတာစိတ်ဝင်စားရင် စောင့်ကြည့်အားပေးခဲ့ကြပါဦးနော်။

Koe-CeleGabar
Source – KhinThazin






Koe-CeleGabar
Source – KhinThazin