ခင်ပွန်းဖြစ်သူ သားဂန်းရဲ့ ခင်ပွန်းကောင်းပီသလှတဲ့ အကျင့်တွေကို ပြောပြလာခဲ့တဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ အဆိုတော်သားဂန်းနဲ့ ရွှေလက်တွဲခဲ့ပြီး လက်ရှိမှာ သမီးဦးလေးကိုယ်ဝန်ကိုလည်း လွယ်ထားရပြီပဲဖြစ်ပါတယ်။ သားဂန်းရဲ့ ဘေဘီမောင်အပေါ် ထားရှိတဲ့ မေတ္တာတွေကြောင့် ပရိသတ်တွေက သူတို့အတွဲလေးကိုအားကျနေခဲ့ကြရပါသေးတယ်။

ဘေဘီမောင်ကတော့ ဒီနေ့မှာ ခင်ပွန်းဖြစ်သူ သားဂန်းနဲ့ပတ်သက်လို့ “ကိုယ့်ထက်အသက်ငယ်ပေမယ့် ရင့်ကျက်တည်ကြည်ပြီးရိုးသားဖြောင့်မတ်သောယောက်ျား ၊ ငွေကြေးပုံမပေးနိုင်ပေမယ့် အကြင်နာ မေတ္တာ အချစ် သစ္စာတွေပုံအောပေးတဲ့ယောက်ျား၊ မိန်းမအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေချိန်မှာလည်း နောက်ကွယ်ကနေ ပုံပိုးကူညီပြီးအားကိုးရတဲ့ယောက်ျား၊ ဘဝအတွက်လေ့လာသင်ယူစရာပညာရပ်တွေကိုလည်းမိန်းမနဲ့အတူတူသင်ယူလေ့လာပေးတဲ့ယောက်ျား၊

ဆက်ရေးရင်စာအုပ်တစ်အုပ်စာလောက်ရှိလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်။ အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှု့ဘာနဲ့မှမလဲနိုင်။ ချစ်တယ်ဖေဖေဂန်း” ဆိုပြီး ခင်ပွန်းကောင်းပီသလှတဲ့ သားဂန်းရဲ့ အကျင့်တွေကို ပရိသတ်တွေ အားကျဖွယ်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဘေဘီကတော့ အိမ်ထောင်ရေးကံကောင်းလိုက်တာလို့ပြောရမှာပဲနော်။

Source – Thandar Zaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ခင္ပြန္းျဖစ္သူ သားဂန္းရဲ႕ ခင္ပြန္းေကာင္းပီသလွတဲ့ အက်င့္ေတြကို ေျပာျပလာခဲ့တဲ့ ေဘဘီေမာင္

ပရိသတ္ႀကီးေရ ေဘဘီေမာင္ကေတာ့ အဆိုေတာ္သားဂန္းနဲ႔ ေ႐ႊလက္တြဲခဲ့ၿပီး လက္ရွိမွာ သမီးဦးေလးကိုယ္ဝန္ကိုလည္း လြယ္ထားရၿပီပဲျဖစ္ပါတယ္။ သားဂန္းရဲ႕ ေဘဘီေမာင္အေပၚ ထားရွိတဲ့ ေမတၱာေတြေၾကာင့္ ပရိသတ္ေတြက သူတို႔အတြဲေလးကိုအားက်ေနခဲ့ၾကရပါေသးတယ္။

ေဘဘီေမာင္ကေတာ့ ဒီေန႔မွာ ခင္ပြန္းျဖစ္သူ သားဂန္းနဲ႔ပတ္သက္လို႔ “ကိုယ့္ထက္အသက္ငယ္ေပမယ့္ ရင့္က်က္တည္ၾကည္ၿပီး႐ိုးသားေျဖာင့္မတ္ေသာေယာက္်ား ၊ ေငြေၾကးပုံမေပးႏိုင္ေပမယ့္ အၾကင္နာ ေမတၱာ အခ်စ္ သစၥာေတြပုံေအာေပးတဲ့ေယာက္်ား၊ မိန္းမအလုပ္ေတြႀကိဳးစားပီးလုပ္ကိုင္ေနခ်ိန္မွာလည္း ေနာက္ကြယ္ကေန ပုံပိုးကူညီၿပီးအားကိုးရတဲ့ေယာက္်ား၊ ဘဝအတြက္ေလ့လာသင္ယူစရာပညာရပ္ေတြကိုလည္းမိန္းမနဲ႔အတူတူသင္ယူေလ့လာေပးတဲ့ေယာက္်ား၊

ဆက္ေရးရင္စာအုပ္တစ္အုပ္စာေလာက္ရွိလို႔ ဒီေလာက္နဲ႔ပဲရပ္လိုက္ပါမယ္။ အခ်စ္ခံရတဲ့မိန္းမတစ္ေယာက္ရဲ႕ စိတ္ခ်မ္းသာမႈ႕ဘာနဲ႔မွမလဲႏိုင္။ ခ်စ္တယ္ေဖေဖဂန္း” ဆိုၿပီး ခင္ပြန္းေကာင္းပီသလွတဲ့ သားဂန္းရဲ႕ အက်င့္ေတြကို ပရိသတ္ေတြ အားက်ဖြယ္သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ ေဘဘီကေတာ့ အိမ္ေထာင္ေရးကံေကာင္းလိုက္တာလို႔ေျပာရမွာပဲေနာ္။

Source – Thandar Zaw
Chilli – CeleGabar