” အသက်အရွယ်ရလာတာနဲ့အမျှဘုရားတရားပိုပိုလုပ်ကာ မိမိဝန်းကျင်နဲ့ သာသနာအတွက် တန်ဖိုးရှိပြီးအကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်မိတယ်လို့ ဆိုလာတဲ့ မြတ်သူသူ”
Posted on
CeleGabarပရိသတ်ကြီးရေ မြတ်သူသူကတော့ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတဲ့သူလေးပါ။မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ပရိသတ်တွေသိလာခဲ့ပြီးနောက် ရိုက်ကူးသမျှဇာတ်ကောင်တွေကိုပရိသတ်ကနှစ်ခြိုက်အားပေးဝန်းရံခဲ့ကြတာပါ။
ဒါ့အပြင်သူမရဲ့အချစ်ရေးကိုလည်း ချစ်သူရှိကြောင်းပွင့်လင်းစွာ ချပြထားသူလေးပါ။အမြဲလိုလိုအလှူအတန်း ကုသိုလ်တွေကိုရောက်တဲ့နေရာမှာရရင်ရသလိုပြုလုပ်တတ်သူလေးပါ။ ဒီနေ့မှာလည်း”ခုနောက်ပိုင်း အသက်ကြီးလာတော့ ပိုသိလာပါပြီ အရင်ထဲကလည်း လိုချင်လောဘနဲ့ ဘုရားမရှိခိုးဘူး အဓိဌာန်မပြုခဲ့ဘူးကိုးကွယ်ယုံကြည်မှုရယ် စိတ်တည်ငြိမ်အောင်ရယ်သာ လေးလေးစားစားနဲ့ အမြဲဝတ်ပြုပူဇော်တယ် ။
ဘုရားဝတ်တက်တိုင်း တရားနာလာကြတဲ့ ၃၁ ဘုံသားအားလုံးကို စိတ်ထဲက အသိအမှတ်ပြု မေတ္တာပို့ မေတ္တာခံယူ အမျှဝေပေးပြီး သာဓုခေါ်စေတယ် အဲ့ဒီရဲ့အကျိုးဆက်ကပဲ ကိုယ့်ကို အဆင်ပြေချောမွေ့အောင် အများကြီးပံ့ပိုးပေးနေတာလို့ ယုံကြည်တယ် ။ဆုတောင်းတွေပြည့်ရတိုင်း ကြည်ညိုသဒ္ဓါပွားမိသလို ခုထက်ပို မိမိဝန်းကျင်အတွက် သာသနာအတွက် တန်ဖိုးရှိတဲ့အကျိုးပြုနိုင်သော လူသားတစ်ယောက်ဖြစ်ချင်ပါတယ် 🙏”ဆိုတဲ့စာလေးနဲ့ သူမစိတ်ထားလေးကိုပြောပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း မြတ်သူသူရဲ့စိတ်ထားလေးကိုသဘောကျရင်တစ်ခုခုပြောခဲ့ပါဦးနော်။
Koe- CeleGabar
Source- MyatThu thu
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- MyatThu thu