” ဓမ္မဝိဟာရီဘုန်းတော်ကြီးသင်ပညာရေး ကျောင်း တွဲဘက် မောင်းတောင်ကျေးရွာမှာလိုအပ်နေတဲ့ ပရိဘောက ပစ္စည်းနဲ့ ရေတွင်း ရေကန် ဆောက်လုပ်ရန်အတွက်အလှူငွေစုစုပေါင်း(၂၅)သိန်းကျပ်လှူဒါန်းခဲ့တဲ့ ဂျွန်လွင်”
Posted on
CeleGabar ရိသတ်ကြီးရေ ဆရာဂျွန်လွင်ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေထွက်ပေါ်လာအောင်သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။ အရေးကြီးတဲ့ထိပ်တန်းအနုပညာပွဲတွေမှာလည်း ဆရာဂျွန်လွင်ဟာမပါမဖြစ်ပါဝင်ရသူတစ်ဦးဖြစ်ပြီး အကြင်နာထွန်းကားရေး​ နာမည်လေးနဲ့ လိုအပ်တဲ့နေရာတွေမှာ အစွမ်းကုန် လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း”my donation#for people who need help2500000ks ယနေ့၂၆.၅.၂၀၁၆နေ့တွင် ဓမ္မဝိဟာရီဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွဲဘက် မောင်းတောင်ကျေးရွာ
ကျိုက်ထိုမြို့ ကျော်တော်အတွက် လိုအပ်သော ပရိဘောက ပစ္စည်း ငွေကျပ် ကိုးသိန်း
(၉၀၀၀၀၀)တိတိနှင့် ကျော်တော်အတွင်း အပြင် သောက်ရေ သုံးရေ များအတွက် ရေတွင်း ရေကန် ဆောက်လုပ်ရန်အတွက် လိုအပ်သောငွေကျပ် ၁၅သိန်း(၁၅၀၀၀၀၀) တိတိကို စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှုတန်းမှု ပြုလုပ်ခဲ့ပါတယ်။
ထိုသို့သော လှုတန်းမှုများဟာ ကျွန်တော် တစ်ယောက် တည်း၏ လုပ်အားခများသာ မဟုတ်ပဲ ကျွန်တော်၏ဝန်ထမ်းများ/မိသားစုဝင်များ/ကျွန်တော့်ကို ယုံကြည်စွာ အလုပ်အပ်နှံကြသော လုပ်ငန်းရှင် ထမင်းရှင်များ၏ ပံ့ပိုးမှု ကြောင့်လှုတန်းနိူင်ခြင်းဖြစ်ပါသည်။ထိုကောင်းမှု့ အစုစု တို့ကို လည်းကျွန်တော်နှင့် ထပ်တူ ထပ်မျှ အကျိုးရကြပါစေ……အမျှ ..အမျှ…အမျှ….သာဓု…သာဓု…သာဓု…ပါခင်ဗျာ…..လေးစားစွာဖြင့်JOHN LWIN(STARS &MODELS INT”L)(STARS EVENT PRODUCTION )#johnlwindonation#အကြင်နာတရားထွန်းကားရေး”ဆိုတဲ့စာလေးနဲ့လှူဒါန်းမှုလေးကိုပြောပြလာခဲ့တာပါ။ မနက်​အစောမှာကျက်သရေရှိလှတဲ့လှူဒါန်းမှုကုသိုလ်တွေကို မျှဝေခဲ့တဲ့ ဂျွန်လွင်ရဲ့အလှူအတွက်သာဓုခေည်မုဒိတာပွားခဲ့ကြပါဦးCeleGabarပရိသတ်ကြီးရေ။
Koe- CeleGabar
Source- jhonlwin
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- jhonlwin