” အလွမ်းရဆုံးငယ်ဘဝအမှတ်တရတစ်ချို့ပြန်လည်ပြောပြလာတဲ့ ရွှေထူး”

Posted on

CeleGabar ပရိသတ်ကြီးရေ ရွှေထူးကတော့ သီချင်းအေးအေးလေးတွေနဲ့ ယောကျာ်လေးမိန်းကလေးပရိသတ်မရွေးနှစ်သက်သဘောကျရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ဇနီးဖြစ်သူပြည်သူ့အချစ်တော်မင်းသမီးလေးရွှေမှုံရတီနဲ့အတူ Romantic ဆန်တဲ့ ပုံလေးတွေကိုမကြာခဏတင်လေ့ရှိသူပါ။

ဒါ့အပြင်အမြဲပွင့်လင်းဖော်ရွေတတ်တဲ့ရွှေထူးကတော့ လက်ရှိမှာ”အပူအပင်ကင်းတဲ့ကလေးလေးဘဝကို 🤍”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ပရိသတ်ကလေးလေးနှစ်ယောက်နဲ့အတူအမှတ်တရပုံလေးကိုတင်လာခဲ့တာပါ။အမြဲလူတန်းစားမခွဲခြားဘဲရိုးသားကြိုးစားတဲ့ရွှေထူးကတော့ ကလေးတွေကိုတွေ့တဲ့အခါ သူ့ရဲ့ငယ်ဘဝကလေးဘဝကဆော့ကစားခဲ့တဲ့အမှတ်တရတွေကိုလည်းပြန်လည်ပြောပြခဲ့တာပါ။

 

“ကလေးဘဝ ကျွန်တော့်ရဲ့အလွမ်းဆုံးအချိန်တွေကတော့ လေသေ နတ်တွေနဲ့ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက် ချိန်းပစ်ကြတဲ့အချိန်ရယ် … ပုံကပ်ကို ဖိနပ်နဲ့ပစ်တဲ့အချိန်ရယ်ပေါ့ 😊”ဆိုတဲ့စာလေးနဲ့ငယ်ဘဝကိုလွမ်းဆွတ်မိကြောင်း ရင်ဖွင့်ပြောပြလယခဲ့တာပါ။CeleGabarပရိသတ်တွေထဲမှာရော ငယ်ဘဝကိုပြန်လည်သတိရနေသူတွေရှိရင်မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Koe- CeleGabar
Source-ShweHtoo
ZawgyiFontဖြင့်ဖတ်ရန်