” မပြသခင်ကတည်းက ပရိသတ်တွေစိတ်ဝင်စားမှုအပြည့်ရရှိထားတဲ့ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ ကျော်ထက်ဇော်”

Posted on

CeleGabar ပရိသတ်ကြီးရေ ကျော်ထက်ဇော်လို့ပြောလိုက်တာနဲ့ ဇာတ်လမ်းတွဲတွေရဲ့ဇာတ်ကောင်နဲ့အတူတူပြေးမြင်မိကြမှာမလွဲပါပဲနော်။ကျော်​ထက်ဇော်ကတော့ ” အမုန်းမှသည်”ဇာတ်လမ်းတွဲမှာ သူဌေးလေးနေရောင်ခန့်အဖြစ်နဲ့ မိန်းကလေးတွေရဲ့ အသည်းကိုလှုပ်ခတ်နိုင်ခဲ့သူတစ်ယောက်ပါ။

ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ” အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲ မှာ အဓိကဇာတ်ကောင်အပြင် နှစ်ကိုယ်ခွဲကာအဓိကခေါင်းဆောင်မင်းသားနေရာကပါဝင်ခဲ့တာပါ။အခုတစ်ခါမှာလည်း ပရိသတ်ရှေ့ကို မရောက်တာကြာနေပြီဖြစ်ပေမယ့် မပြသခင်ကတည်းပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသားအဖြစ်ထပ်မံပါဝင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။


ဇာတ်လမ်းတွဲကတော့”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်”ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကျားတဲ့ စာရေးဆရာကြီးနွမ်ဂျာသိုင်းရဲ့ နာမည်ကြီးဝတ္ထုဖြစ်တာကြောင့်ပရိသတ်တွေကလည်း ဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ဇာတ်ကောင်တွေကို အသက်သွင်းမလဲဆိုတာ စိတ်ဝင်တစားရှိနေကြတာပါ။ CeleGabarပရိသတ်တွေထဲမှာလည်း ကျော်ထက်ဇော်ကို အားပေးဝန်းရံဖို့စောင့်မျှော်နေတဲ့ပရိသတ်တွေရှိရင်တစ်ခုခုပြောခဲ့ပါဦးနော်။


Koe- CeleGabar
Source-KyawHtetZaw
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source-KyawHtetZaw