မန္တလေးမြို့အကြောင်း ဟာသအခွီဗီဒီယိုလေးဖန်တီးလိုက်ပြန်တဲ့ ကိုပေါက်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဒါရိုက်တာကိုပေါက်ကတော့ လတ်တလောမှာ ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးနေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ကိုပေါက်ကတော့ ဒါရိုက်တာပီပီ ဟာသဇာတ်လမ်းတွေကို ကိုယ်တိုင်ဖန်တီးပြီး တင်ဆက်နေခဲ့တာပဲဖြစ်ပါတယ်။

မကြာသေးမီကလည်း လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ ကျော်ကျော်၊ ထူးအောင်စတဲ့ ပရိသတ်အချစ်တော်တွေကို ဆေးထိုးပြီး စနောက်ခဲ့တဲ့ ဟာသဗီဒီယိုလေးက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း ကိုပေါက်က မန္တလေးမြို့နဲ့ ပတ်သက်ပြီး ဟာသဗီဒီယိုလေးတစ်ခုကိုထပ်မံဖန်တီးပြီးတင်ဆက်ခဲ့ပြန်ပါတယ်။

ဒီဟာသဗီဒီယိုလေးကိုလည်း ပရိသတ်တွေက သဘောကျနှစ်သက်နေခဲ့ပြီး ကိုပေါက်ရဲ့ ဟာသဖန်တီးမှုတွေကိုချီးကျူးနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ကိုပေါက်ရဲ့ ဒီနေ့မှာတင်တက်ပေးလိုက်တဲ့ မန္တလေးနဲ့ ပတ်သက်တဲ့ ဟာသဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – Aung Min Naing