လည်ပင်းတစ်ဆို့နေပြီး (၁)နှစ်ကျော်ထမင်းမစားနိုင်ဖြစ်နေတဲ့ ဝေဒနာရှင်ကို ပျောက်ကင်းအောင်ကုသပေးနိုင်ခဲ့တဲ့ ထူးခန့်ကျော်

Posted on

ပရိသတ်ကြီးရေ ထူးခန့်ကျော်ကတော့ လက်ရှိမှာ ဝေဒနာခံစားနေရတဲ့သူတွေကို သူတတ်တဲ့ ပညာနဲ့ ဆေးဝါးတွေကုသပေးနေခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ လတ်တလောမှာလည်း သူကုသပေးလိုက်တဲ့ ဝေဒနာရှင်တစ်ယောက် ရောဂါပျောက်ကင်းသွားခဲ့တာကြောင့် ပီတိတွေဖြစ်နေခဲ့ပြီး ကုသပေးဖြစ်ပုံလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေလာခဲ့ပါတယ်။

ဝေဒနာရှင်ကတော့ လည်ပင်းတစ်ဆို့ကြီးဖြစ်နေပြီး ထမင်းမစားနိုင်တာ ၁နှစ်ကျော်ရှိနေခဲ့ပြီဖြစ်ပြီး အခုသူ့ထံလာရောက်ကုသချိန်မှာတော့ ထမင်းစားချင်တယ်လို့ပြောတာကြောင့် သူ့အိမ်မှာချင်ထားတဲ့ ထမင်းဟင်းတွေကို ကိုယ်တိုင်ခွံကျွေးခဲ့ရာအားရပါးရစားသောက်သောက်နိုင်သွားခဲ့တဲ့ အတွက် အခုလို (၁)နှစ်ကျော် ထမင်းမစားနိုင်တဲ့ ဘေးဆိုးကနေလွတ်မြောက်အောင်ကုသပေးနိုင်ခဲ့တာကြောင့် ထူးခန့်ကျော်ကိုယ်တိုင်က ပီတိဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

အခုလို ရောဂါဝေဒနာဆိုးကို ခံစားနေရတဲ့ ဝေဒနာသည်ကို ကူညီနိုင်ခဲ့တဲ့ ပီတိလေးတွေကို ထူးခန့်ကျော်ကတော့ သူ့ရဲ့ပရိသတ်တွေလည်း ထပ်တူ ပီတိဖြစ်ရအောင် သူကိုယ်တိုင်လည်း ပီတိဖြစ်စွာနဲ့ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ တကယ်ကို ဝေဒနာရှင်ရောဆရာ့အတွက် ဝမ်းသာစရာကောင်းလွန်းလှပါတယ်နော်။

Source – Htoo Khant Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Htoo Khant Kyaw
Chilli – CeleGabar