ဝိတ်စချတဲ့နေ့ကနေ လက်ရှိ (၆)ရက်မြောက်နေ့မှာပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကို နှိုင်းယှဉ်ဖော်ပြလာခဲ့တဲ့ မြတ်သူသူ

Posted on

ပရိသတ်ကြီးရေ မြတ်သူသူကတော့ သူ့ရဲ့ကျန်းမာရေးအခြေနေတွေကြောင့် ဝိတ်တွေတက်လာခဲ့ပြီး ဝိတ်ချလို့ မရသေးခဲ့တာကြောင့် အခုလို ဝလာတဲ့အပေါ် ဝေဖန်ပြစ်တင်ခံခဲ့ရတာတွေကို ကြုံတွေခဲ့ရတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ မြတ်သူသူကိုယ်တိုင်လည်း ဒီလိုတိုက်ခိုက်ခံရတာတွေရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါသေးတယ်။

မြတ်သူသူကတော့ သူ့ကို ဝေဖန်တိုက်ခိုက်ကဲ့ရဲမှုတွေကနေ လွတ်မြောက်အောင် ဝိတ်ပြန်ချတော့မှာဖြစ်တဲ့အကြောင်းလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မကြာသေးခင်က ရေးသားဖော်ပြထားခဲ့ပါသေးတယ်နော်။ ပြီးခဲ့တဲ့ (၂၀)ရက်နေ့စလို့ မြတ်သူသူကတော့ စနစ်တကျနဲ့ ကျန်းမာရေးနဲကအညီဝိတ်ချပြီး ဒီနေ့မှာတော့ (၆)ရက်မြောက်ရှိနေခဲ့ပါပြီ။မြတ်သူသူကတော့ (၆)ရက်အတွင်းသူမရဲ့ ပြောင်းလဲလာမှုကို ဒီနေ့မှာ သူလိုပဲဝိတ်ချနေတဲ့ကောင်မလေးတွေ အားတက်စေဖို့ မျှဝေလာခဲ့ပါတယ်။လွန်ခဲ့တဲ့ (၆)ရက်ကပုံလေးနဲ့ ဒီနေ့သူ့ရဲ့ပူံလေးကို ယှဉ်တွဲဖော်ပြထားပြီး “ဝိတ်ချတဲ့ (6) ရက်မြောက်ပုံလေးပါ။ (20.5.2022)(26.5.2022)အတွင်းရလဒ်လေး။ တစ်လပြည့်တာနဲ့ သေချာတင်ပေးပါမယ်။

အခုက တဝက်တပျက်မို့မတင်ပေးချင်တာရယ် ပေါင်ချိန်ဘယ်လောက်ကျမလဲ မသိသေးလို့ မပြောဖြစ်တာပါ စိတ်ချ ဘဝတူလေးတွေအတွက် သေချာကိုရေးတင်ပေးမယ်နော်။ ပုံတွေက edit ဘာတခုမှမလုပ်ထားဘူးနော် တကယ်အမှန်အတိုင်းပြောပြချင်လို့ ဒီအတိုင်းပဲ တင်လိုက်တာ ” ဆိုပြီးတော့လည်း စာလေးရေးသားထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဇွဲကောင်းလွန်းလှတဲ့ မြတ်သူသူကတော့ (၆)ရက်ဆိုပေမဲ့ တော်တော်လေးကို စတင်ပြောင်းလဲနေပြီနော်။

Source – Myat Thu Thu
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ဝိတ္စခ်တဲ့ေန႔ကေန လက္ရွိ (၆)ရက္ေျမာက္ေန႔မွာေျပာင္းလဲသြားတဲ့ ေျပာင္းလဲမႈကို ႏႈိင္းယွဥ္ေဖာ္ျပလာခဲ့တဲ့ ျမတ္သူသူ

ပရိသတ္ႀကီးေရ ျမတ္သူသူကေတာ့ သူ႔ရဲ႕က်န္းမာေရးအေျခေနေတြေၾကာင့္ ဝိတ္ေတြတက္လာခဲ့ၿပီး ဝိတ္ခ်လို႔ မရေသးခဲ့တာေၾကာင့္ အခုလို ဝလာတဲ့အေပၚ ေဝဖန္ျပစ္တင္ခံခဲ့ရတာေတြကို ႀကဳံေတြခဲ့ရတာ ပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မွာပါေနာ္။ ျမတ္သူသူကိုယ္တိုင္လည္း ဒီလိုတိုက္ခိုက္ခံရတာေတြရွိေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ရင္ဖြင့္ထားခဲ့ပါေသးတယ္။

ျမတ္သူသူကေတာ့ သူ႔ကို ေဝဖန္တိုက္ခိုက္ကဲ့ရဲမႈေတြကေန လြတ္ေျမာက္ေအာင္ ဝိတ္ျပန္ခ်ေတာ့မွာျဖစ္တဲ့အေၾကာင္းလည္းသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မၾကာေသးခင္က ေရးသားေဖာ္ျပထားခဲ့ပါေသးတယ္ေနာ္။ ၿပီးခဲ့တဲ့ (၂၀)ရက္ေန႔စလို႔ ျမတ္သူသူကေတာ့ စနစ္တက်နဲ႔ က်န္းမာေရးနဲကအညီဝိတ္ခ်ၿပီး ဒီေန႔မွာေတာ့ (၆)ရက္ေျမာက္ရွိေနခဲ့ပါၿပီ။ျမတ္သူသူကေတာ့ (၆)ရက္အတြင္းသူမရဲ႕ ေျပာင္းလဲလာမႈကို ဒီေန႔မွာ သူလိုပဲဝိတ္ခ်ေနတဲ့ေကာင္မေလးေတြ အားတက္ေစဖို႔ မွ်ေဝလာခဲ့ပါတယ္။လြန္ခဲ့တဲ့ (၆)ရက္ကပုံေလးနဲ႔ ဒီေန႔သူ႔ရဲ႕ပူံေလးကို ယွဥ္တြဲေဖာ္ျပထားၿပီး “ဝိတ္ခ်တဲ့ (6) ရက္ေျမာက္ပုံေလးပါ။ (20.5.2022)(26.5.2022)အတြင္းရလဒ္ေလး။ တစ္လျပည့္တာနဲ႔ ေသခ်ာတင္ေပးပါမယ္။

အခုက တဝက္တပ်က္မို႔မတင္ေပးခ်င္တာရယ္ ေပါင္ခ်ိန္ဘယ္ေလာက္က်မလဲ မသိေသးလို႔ မေျပာျဖစ္တာပါ စိတ္ခ် ဘဝတူေလးေတြအတြက္ ေသခ်ာကိုေရးတင္ေပးမယ္ေနာ္။ ပုံေတြက edit ဘာတခုမွမလုပ္ထားဘူးေနာ္ တကယ္အမွန္အတိုင္းေျပာျပခ်င္လို႔ ဒီအတိုင္းပဲ တင္လိုက္တာ ” ဆိုျပီးေတာ့လည္း စာေလးေရးသားထားခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ၾကီးေရ ဇြဲေကာင္းလြန္းလွတဲ့ ျမတ္သူသူကေတာ့ (၆)ရက္ဆိုေပမဲ့ ေတာ္ေတာ္ေလးကို စတင္ေျပာင္းလဲေနျပီေနာ္။

Source – Myat Thu Thu
Chilli – CeleGabar