ခပ်တုံးတုံးခပ်နုံနုံ ကောင်မလေးတစ်ယောက် ဖြစ်ရတာတကယ်စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတဲ့ ခင်သဇင်

Posted on

လေယာဉ်မယ် ဘဝကနေ နိုင်ငံကျော်အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ “Oh Oh ဟော့တယ်” ဆိုတဲ့သီချင်းမှာ အမိုက်စားမော်ဒယ်လ်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော ခင်သဇင်ကတော့ ခပ်တုံးတုံးခပ်နုံနုံ ကောင်မလေးတစ်ယောက် ဖြစ်ရတာတကယ်စိတ်ချမ်းသာဖို့ကောင်းတဲ့အကြောင်းကို “အခု နောက်ပိုင်း ဘယ်လိုလှအောင်နေရမလဲနဲ့ အိုက်တင်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲပဲ ခေါင်းထဲရှိတော့တယ်… ကျန်တာအကုန်ခေါင်းထဲက ထုတ်ထားတယ်

တခါတလေ ခပ်တုံးတုံး ခပ်နုံနုံ ကောင်မလေး တစ်ယောက် ဖြစ်ရတာလည်း တကယ်စိတ်ချမ်းသာဖို့ကောင်းတယ် အကုန်လိုက်သိနေရတာ ခေါင်းရှုပ်တယ်.. ရင်ပူတယ်… အိုစာတယ် ကျေနပ်တယ်ဆို .. shake သွားလိုက်ဦး” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ခင်သဇင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး MRTV-4 ရုပ်သံလိုင်းမှထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ မိုးကလျာ ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားခဲ့ပါတယ်။

CeleGabar ပရိသတ်ကြီးရေ လတ်တလောမှာ မိုးကလျာ ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ခင်သဇင်ကတော့ နောက်ပိုင်းကို ဘယ်လိုလှအောင်နေရမလဲနဲ့ အိုက်တင်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲပဲ ခေါင်းထဲရှိတော့တယ်တဲ့။

Source: Khine Thazin
DarDar-CeleGabar