အစ်မဖြစ်သူ အေးသောင်းရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့တဲ့ ဆွိဝတ်ရည်သောင်း

Posted on

ပရိသတ်ကြီးရေ အေးသောင်းကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်းမင်းသမီးချောလေးတစ်လက်ဖြစ်ပြီး မကြာသေးခင်အချိန်က ချစ်သူလေးနဲ့ ရွှေလက်တွဲက အမျိုးသားထုကြီးကို အသည်းကွဲစေခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့ မေလ (၂၇)ရက်နေ့လေးကတော့ အေးသောင်းရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့ရက်မြတ်နေ့ရက်လေးမှာတော့ ပရိသတ်အချစ်တော် အေးသောင်းကတော့ အသက် (၃၈)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ အေးသောင်းရဲ့ မွေးနေ့လေးအတွက်ကိုတော့ ပရိသတ်တွေရဲ့ အေးသောင်းရဲ့ ညီမလေးဖြစ်သူ ဆွိဝတ်ရည်သောင်းကလည်း သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားခဲ့ပါသေးတယ်။

“Happy Birthday ကြောင်လေး” ဆိုပြီး အစ်မဖြစ်သူကို ချစ်စနိုးနဲ့ စနောက်ကာ အစ်မဖြစ်သူအေးသောင်းနဲ့အတူရိုက်ကူးထားတဲ့ ပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း အေးသောင်းရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Sweet Wutt Yi Thaung
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar