“နှစ်ဖက်မိဘ၊ခင်ပွန်းသည်တို့နဲ့အတူပျော်ရွှင်စရာအမှတ်တရအချိန်လေးတွေဖန်တီးဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာတဲ့အေးချမ်းမိုး”

Posted on

CeleGabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ Miss Universe Myanmarရဲ့ first Runner Up ဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့အပြင် Miss Grand Myanmar 2017
ရဲ့သရဖူကို ပြောင်းလဲ ပေးအပ်ခံခဲ့ရတဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်းအစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်ရပ်တည်နေသူပါ။

ပညာရေးမှာလည်း ထူးချွန်ခဲ့တဲ့သူမကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာပိုင်းကို ဝါသနာပိုအားသန်တဲ့အတွက်ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ အလှမယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။မကြာသေးမီက လက်ထပ်ထိမ်းမြှားခဲ့ပြီးပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်တဲ့သူပါ။

လက်ရှိမှာလည်း ဒီပလိုမာဘွဲ့တစ်ခုကိုထပ်မံပိုင်ဆိုင်ခဲ့ပြီး ဘွဲ့ယူတဲ့နေ့မှာ နှစ်ဖက်မိဘနဲ့ ခင်ပွန်းသည်တို့နဲ့အတူပျော်ရွှင်စရာအမှတ်တရပုံလေးတွေရိုက်ကူးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာပါ။ တကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့သူမရဲ့ဘဝလေးကတော့ မြင်သူတိုင်းအားကျစရာပါပဲနော်CeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- AyeChanMoe
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source- AyeChanMoe