” ဘဝမှာ ငယ်ငယ်ကတည်းက စိတ်ကူးယဥ်ကာ ရိုက်ကူးချင်ခဲ့တဲ့အိမ်မက်တစ်ခုကိုအကောင်အထည်ဖော်ခဲ့တဲ့ ချောရတနာ”

Posted on

CeleGabar ပရိသတ်ကြီးရေ ချောရတနာကတော့ဆယ်စုနှစ်တခုအကြာအောင်မြင်လာတဲ့ ဝါရင့်အနုပညာရှင်အကယ်ဒမီရမင်းသမီးတစ်လက်ပါ။ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။

လတ်တလောမှာတော့သူမရိုက်ကူးထားတဲ့ အိပ်မက်ထဲကအိပ်မက်ဇာတ်လမ်းတွဲ​ဟာ ပြသနေပြီပဲ ဖြစ်ပါတယ်။ အိပ်မက်ထဲကအိပ်မက်ဇာတ်လမ်းတွဲ​အတွက်ဖိုတိုရိုက်ကူးမှုတွေဟာလည်း အရမ်းကိုအမိုက်စားဖြစ်ကာပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြတာ​ပါ။

လက်ရှိမှာလည်း ”ဘဝမှာ ငယ်ငယ်ထဲက ဒီလိုလေး ရိုက်ချင်ခဲ့တာ ချစ်တဲ့ Idol ကြီး #ShahRukhKhan နဲ့ဆို 🥰ကျွန်မရူးခါ သွားမလားပဲ 😝”ဆိုတဲ့စာလေးနဲ့အတူ အိန္ဒိယဝတ်စုံလေးဝတ်ဆင်ကာ တကယ့်ကိုဆွဲဆောင်မှုရှိတဲ့bollywoodမင်းသမီးလေးအဖြစ်မြင်တွေ့ရမှာပါ။ CeleGabarပရိသတ်တွေ​လည်းချောရဲ့တမူထူးခြားတဲ့ဖက်ရှင်ပုံရိပ်လေးနဲ့လိုက်ဖက်ရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source- ChawYadanar
ZawgyiFontဖြင့်ဖတ်ရန်

” ဘဝမွာ ငယ္ငယ္ကတည္းက စိတ္ကူးယဥ္ကာ ႐ိုက္ကူးခ်င္ခဲ့တဲ့အိမ္မက္တစ္ခုကိုအေကာင္အထည္ေဖာ္ခဲ့တဲ့ ေခ်ာရတနာ”

CeleGabar ပရိသတ္ႀကီးေရ ေခ်ာရတနာကေတာ့ဆယ္စုႏွစ္တခုအၾကာေအာင္ျမင္လာတဲ့ ဝါရင့္အႏုပညာရွင္အကယ္ဒမီရမင္းသမီးတစ္လက္ပါ။ နာမည္နဲ႔လိုက္ေအာင္ ေခ်ာေမာလွပတဲ့မင္းသမီးတစ္လက္ျဖစ္ၿပီး တစ္သားေမြးတစ္ေသြးလွတယ္လို႔ဆိုရေလာက္ေအာင္ႏုပ်ိဳလွပေနတဲ့သူပါ။


လတ္တေလာမွာေတာ့သူမ႐ိုက္ကူးထားတဲ့ အိပ္မက္ထဲကအိပ္မက္ဇာတ္လမ္းတြဲ​ဟာ ျပသေနၿပီပဲ ျဖစ္ပါတယ္။ အိပ္မက္ထဲကအိပ္မက္ဇာတ္လမ္းတြဲ​အတြက္ဖိုတို႐ိုက္ကူးမႈေတြဟာလည္း အရမ္းကိုအမိုက္စားျဖစ္ကာပရိသတ္ေတြႀကိဳက္ႏွစ္သက္ခဲ့ၾကတာ​ပါ။

လက္ရွိမွာလည္း ”ဘဝမွာ ငယ္ငယ္ထဲက ဒီလိုေလး ႐ိုက္ခ်င္ခဲ့တာ ခ်စ္တဲ့ Idol ႀကီး #ShahRukhKhan နဲ႔ဆို 🥰ကြၽန္မ႐ူးခါ သြားမလားပဲ 😝”ဆိုတဲ့စာေလးနဲ႔အတူ အိႏၵိယဝတ္စုံေလးဝတ္ဆင္ကာ တကယ့္ကိုဆြဲေဆာင္မႈရွိတဲ့bollywoodမင္းသမီးေလးအျဖစ္ျမင္ေတြ႕ရမွာပါ။ CeleGabarပရိသတ္ေတြ​လည္းေခ်ာရဲ႕တမူထူးျခားတဲ့ဖက္ရွင္ပုံရိပ္ေလးနဲ႔လိုက္ဖက္ရဲ႕လားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Koe-CeleGabar
Source- ChawYadanar