“မွေးနေ့မှာ ၃၈နှစ်လုံးကြုံတွေ့ခဲ့ရတဲ့အခက်အခဲအမှတ်တရတွေနဲ့အတူ အဖြစ်ချင်ဆုံးမွေးနေ့ဆုတောင်းလေးကို ပြောပြလာတဲ့မအေးသောင်း”

Posted on

CeleGabar ပရိသတ်ကြီးရေအေးဝတ်ရည်သောင်းကတော့မကြာသေးမီက အမျိုးသားထုကြီးနဲ့အသည်းကိုခွဲကာ ချစ်သူနဲ့လက်ထပ်ထိမ်းမြှားခဲ့တာပါ။ လက်ထပ်ကာအိမ်ထောင်သည်ဖြစ်သွားပေမယ့်လည်း ပရိသတ်တွေကတော့အချစ်မပျက်ဘဲ ဆက်လက်အားပေးဝန်းရံနေဆဲပါပဲနော်။

ဒီနေ့ကျရောက်တဲ့ မေလ၂၇ရက်နေ့ကတော့မအေးသောင်းရဲ့၃၈နှစ်ပြည့်မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ချစ်တဲ့ ပရိသတ် သူငယ်ချင်းမိတ်ဆွေတွေကလည်းဆုမွန်ကောင်းတောင်းပေးခဲ့ကြတာပါ။ မအေးသောင်းကလည်း ဆုတောင်းပေးခဲ့ချစ်ရတဲ့သူတွေကို ”မွေးနေ့ဆုတောင်းပေးကြတဲ့ချစ်ရတဲ့သူတွေအကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏🙏🙏အသက် ၃၈ နှစ်ပြည့်လာပြီဘဝမှာတန်ဖိုးရှိတာတွေရယူပိုင်ဆိုင်ခဲ့ဖူးသလိုတန်ဖိုးထားရတာတွေလည်းဆုံးရှုံးဖူးတယ်။

အကောင်းတွေချည်းမမြဲနေသလို အဆိုးတွေချည်းပဲလည်းမကြုံခဲရပါဘူး။တိုက်ခိုက်တာတွေခံခဲ့ရသလိုချီးမြှောက်ခံခဲ့ရတာလည်းဒုနဲ့ဒေးပါပဲ။အကောင်း အဆိုးဒွန်တွဲနေတဲ့လောကကြီးမို့ရောလူဖြစ်နေရတဲ့အတွက်ပါ အသက်ရှင်နေသ၍ကြုံရအုံးမှာပါပဲ။ မွေးနေ့မှာတောင်းမိတဲ့ဆုကတော့ကိုယ့်ကြောင့်သူများစိတ်မဆင်းရဲစေချင်တာရယ် ကြုံလာတဲ့သုခ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တဲ့ခွန်အားပါပဲ🙏🙏🙏ချစ်ရတဲ့သူတွေအားလုံးလဲ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းရရှိကြပါစေနော်🙏🙏🙏”ဆိုကာ ကျေးဇူးတင်စကားပြောလာခဲ့တာပါCeleGabarပရိသတ်ကြီးရေ။ CeleGabarပရိသတ်တွေလည်းမအေးသောင်းအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure – AyeThaung
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Soure – AyeThaung