” တသက်လုံးကုသိုလ်ဖြစ်နေမယ့် အလှူတစ်ခုကိုပြုလုပ်ခဲ့ကြောင်း ပြောပြလာတဲ့ ခန့်စည်သူ”

Posted on

CeleGabarပရိသတ်ကြီးရေ ခန့်စည်သူကတော့ အနုပညာလောကမှာဝါရင့်မင်းသားကြီးတစ်လက်ပါ။အခုချိန်မှညအနုပညာအလုပ်တွေရပ်နားကာ အလှူအတန်းကုသိုလ်တွေကိုအားစိုက်လုပ်ဆောင်နေတဲ့မင်းသားကြီးပဲ ဖြစ်ပါတယ်။


လက်ရှိမှာလည်း”ယနေ့အလှူ(၂၇-၅-၂၀၂၂)ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ပျားရည်စုကျေးရွာသို့ ကွန်ကရိလမ်းဖောက်ခြင်းနှင့် တံတားဆောက်လုပ်ခြင်းအတွက် ထာဝရအလှူ (လမ်းဖောက်ကုသိုလ်)အတွက် အလှူငွေ (၃) သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။ရဟန်း၊ရှင်၊လူ ပြည်သူအပေါင်းသွားလမ်းသာလို့ ၊လာလမ်း ဖြောင့်တန်းကြပါစေ။စေတနာရှင်များမှ လှူဒါန်းလိုပါက…အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတဘဒ်ဒ န်တ ဂရုဝံသာဘိဝံသ(၀၉) ၅၀၁ ၄၆၈၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။’


“လမ်း၊တံတား ကုသိုလ်ရှင်များခင်ဗျား…ဒီလမ်း၊ဒီတံတား အပေါ်မှာ ရဟန်း၊ရှင်၊လူ ပြည်သူအများ နေ့နေ့ ညည လျောက်လှမ်းသွားလာ နေကြရမှာ ဖြစ်သည့်အတွက် လူအိပ်ပေမယ့် ကုသိုလ် မအိပ်တဲ့ ထာဝရကုသိုလ်များ ဖြစ်ပါသောကြောင့် ..အလှူရှင်များ၏ ဘဝခရီးလမ်းများသည်လည်း မပင်မပန်း ဖြောင့်တန်းကြပါစေ။ဘေးဆိုး ရန်ဆိုး ကြမ္မာဆိုးနှင့် ဂြိုလ်ဆိုး ကင်းပျောက် ချမ်းသာရောက်ကြပါစေ။သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။နိဗ္ဘာန် သွားရာလမ်းခရီး ၊ အားကြီးထောက်ပံ့ ဖြစ်ပါစေ။”ဆိုကာ လှူဒါန်းမှုပုံရိပ်လေးနဲ့တကွတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း အကျိုးရှိလှတဲ့ခန့်စည်သူရဲ့​အလှူအတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure – KyawSoeWin
ZawgyiFontဖြင့်ဖတ်ရန်

” တသက္လုံးကုသိုလ္ျဖစ္ေနမယ့္ အလႉတစ္ခုကိုျပဳလုပ္ခဲ့ေၾကာင္း ေျပာျပလာတဲ့ ခန္႔စည္သူ”

CeleGabarပရိသတ္ႀကီးေရ ခန္႔စည္သူကေတာ့ အႏုပညာေလာကမွာဝါရင့္မင္းသားႀကီးတစ္လက္ပါ။အခုခ်ိန္မွညအႏုပညာအလုပ္ေတြရပ္နားကာ အလႉအတန္းကုသိုလ္ေတြကိုအားစိုက္လုပ္ေဆာင္ေနတဲ့မင္းသားႀကီးပဲ ျဖစ္ပါတယ္။


လက္ရွိမွာလည္း”ယေန႔အလႉ(၂၇-၅-၂၀၂၂)ဧရာဝတီတိုင္း၊ဖ်ာပုံခ႐ိုင္၊ဘိုကေလးၿမိဳ႕နယ္၊ပ်ားရည္စုေက်း႐ြာသို႔ ကြန္ကရိလမ္းေဖာက္ျခင္းႏွင့္ တံတားေဆာက္လုပ္ျခင္းအတြက္ ထာဝရအလႉ (လမ္းေဖာက္ကုသိုလ္)အတြက္ အလႉေငြ (၃) သိန္းက်ပ္ကို လႉဒါန္းခဲ့ပါတယ္။ရဟန္း၊ရွင္၊လူ ျပည္သူအေပါင္းသြားလမ္းသာလို႔ ၊လာလမ္း ေျဖာင့္တန္းၾကပါေစ။ေစတနာရွင္မ်ားမွ လႉဒါန္းလိုပါက…အဂၢမဟာ ဂႏၲဝါစက ပ႑ိတဘဒ္ဒ န္တ ဂ႐ုဝံသာဘိဝံသ
(၀၉) ၅၀၁ ၄၆၈၈ သို႔ ဆက္သြယ္လႉဒါန္းႏိုင္ၾကပါတယ္။’


“လမ္း၊တံတား ကုသိုလ္ရွင္မ်ားခင္ဗ်ား…ဒီလမ္း၊ဒီတံတား အေပၚမွာ ရဟန္း၊ရွင္၊လူ ျပည္သူအမ်ား ေန႔ေန႔ ညည ေလ်ာက္လွမ္းသြားလာ ေနၾကရမွာ ျဖစ္သည့္အတြက္ လူအိပ္ေပမယ့္ ကုသိုလ္ မအိပ္တဲ့ ထာဝရကုသိုလ္မ်ား ျဖစ္ပါေသာေၾကာင့္ ..အလႉရွင္မ်ား၏ ဘဝခရီးလမ္းမ်ားသည္လည္း မပင္မပန္း ေျဖာင့္တန္းၾကပါေစ။-ေဘးဆိုး ရန္ဆိုး ၾကမၼာဆိုးႏွင့္ ၿဂိဳလ္ဆိုး ကင္းေပ်ာက္ ခ်မ္းသာေရာက္ၾကပါေစ။သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵျပည့္ပါေစ။နိဗာၻန္ သြားရာလမ္းခရီး ၊ အားႀကီးေထာက္ပံ့ ျဖစ္ပါေစ။”ဆိုကာ လႉဒါန္းမႈပုံရိပ္ေလးနဲ႔တကြတင္လာခဲ့တာပါ။ CeleGabarပရိသတ္ေတြလည္း အက်ိဳးရွိလွတဲ့ခန္႔စည္သူရဲ႕​အလႉအတြက္သာဓုေခၚမုဒိတာပြားခဲ့ၾကပါဦးေနာ္။

Koe-CeleGabar
Soure – KyawSoeWin