“မိခင်က ဆေးခန်းမှာမှာမွေးဖွားပြီး စွန့်ပစ်ထွက်ပြေးသွားတာကြောင့် ချစ်စရာကောင်းတဲ့ကလေးငယ်လေးကိုခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ”
Posted on
CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေလို့ပြောလိုက်တာနဲ့ပရဟိတမိခင်ကြီးလို့ အများသတ်မှတ်ကြတာ အမှန်ပါပဲနော်။ ခိုင်နှင်းဝေကတော့စွန့်ပစ်ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်း​ေဝဂေဟာကြီးဦးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်​ဖြစ်ပါတယ်။
အမြဲအလှူအတန်းပရဟိတအလုပ်တွေကိုဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ အမြဲလူတန်းစားမခွဲခြားဘဲ ကိုယ်ချင်းစာတရားလက်ကိုင်ထားတဲ့ သူဆိုတာ အမှန်ပါပဲနော်။ လက်ရှိမှာလည်း”၆ ပေါင်ကျော်တဲ့ ကြာသာပတေးသားလေး ပါရှင်..❤️လူရည်ချွန်လေး သားကောင်းရတနာလေးပဲ ဖြစ်ပါစေ..❤️..”ဆိုတဲ့စာလေးနဲ့ ဆေးခန်းမှာမွေးဖွားပြီးပြီးချင်း မိခင်ကစွန့်ပစ်ထွက်​ပြေးသွား​တာကြောင့် ခေါ်ယူမွေးစားဖြစ်ခဲ့ကြောင်းပြောပြလာခဲ့တာပါ။
တော်ရုံမေတ္တာသဒ္ဓါတရားနဲ့မပြုလုပ်နိုင်တဲ့ အလုပ်ကိုပြုလုပ်နေတဲ့ ပရဟိတမိခင်ကြီးခိုင်နှင်းဝေကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော်။ ချစ်စရာကောင်းသားငယ်လေးလည်း လိမ္မာယဥ်ကျေးပြီး အများအကျိုးသယ်ပိုးနိုင်တဲ့သားကောင်းရတနာလေးဖြစ်လာစေဖို့ CeleGabarပရိသတ်တွေလည်းဆုတောင်းမေတ္တာပို့သပေးခဲ့ပါဦးနော်။
Koe-CeleGabar
Soure :Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure :Khine Hnin Wai