တပ်မတော်ကုတင် (၅၀၀)အရိုးကုစစ်ဆေးရုံကြီးမှာ လူနာများအတွက် လိုအပ်နေတဲ့ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

Posted on

သရုပ်ဆောင်၊မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ရွှေကြိုတစ်ယောက်အဖြစ် စတင်သတိထားမိလာရာကအခုဆိုရင် အနုပညာအလုပ်တွေကိုတောက်လျှောက်လုပ်ကိုင်လာသူလေးပါ။ ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေလည်းလုပ်ရင်း လိုအပ်တဲ့နေရာတွေမှာ အလှူတွေလုပ်ဖို့ကို မမေ့တဲ့သူတစ်ယောက်ပါ။


အခုလည်း သူ့ရဲ့အလှူတစ်ခုကို “လေးစားရတဲ့ တပ်မတော် မိသားစုဝင် တွေအတွက် တတ်အားသမျှ လစဉ် အလှူလေးတွေထဲက တပ်မတော်ကုတင် (၅၀၀)အရိုးကုစစ်ဆေးရုံကြီး မှလူနာများအတွက် လိုအပ်နေသော ချိုင်းထောက် , Wheelchair အလှူလေး အတွက် နတ် လူ သာဓု ခေါ်ဆိုနိုင်ကြပါစေသတည်း အလှူလေးကို ဦးဆောင်ပေးတဲ့ အစ်ကိုကြီး ကိုခန့် လည်း ဒီထက်မက လှူဒါန်း ပေးကမ်းအောင်မြင်နိုင်ပါစေရှင်” ဆိုပြီးတော့ ရေးသားအသိပေးထားတာပါ။


ဆောင်းယွန်းစံကတော့သူ့ရဲ့မွေးနေ့အလှူအဖြစ် ဘားအံမြို့ကဘိုးဘွားရိပ်သာမှာ တစ်ကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ လှူဒါန်းခဲ့ပါသေးတယ်။ ခုလည်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ တပ်မတော်ကုတင် (၅၀၀)အရိုးကုစစ်ဆေးရုံကြီးမှာ လှူဒါန်းခဲ့ပါတယ်နော်…
Source :SaungYoonSan