မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့တဲ့ နေရည်ဝင်းလဲ့

Posted on

ပရိသတ်ကြီးရေ နေရည်ဝင်းလဲ့ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ နေရည်ဝင်းလဲ့ကတော့ မနေ့က မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

နေရည်ဝင်းလဲ့ကတော့ မနေ့က မေလ (၂၇)ရက်နေ့လေးမှာ ဆန်ပြုတ်၊ရေသန့်၊ ကြက်ဥပြုတ်များကို ဘိုးဘွားရိပ်သာ ရွှေစံပြဆေးရုံ နဲ့ပြည်သူ့ဆေးရုံကြီးတို့ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ နေရည်ဝင်းလဲ့ကတော့ သူပြုလုပ်တဲ့ အလှူလေးက ချစ်ခင်ပေးကြတဲ့ (၇) ရက်သားသမီးများအားလုံးနဲ့ အလုပ်အပ်နှံပေးကြတဲ့ လုပ်ငန်းရှင်တွေ အားလုံးရဲ့ အလှူလေးမို့လို့ ပရိသတ်တွေလည်း သာဓုခေါ်ဆိုကြဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ်။

နေရည်ဝင်းလဲ့ကို ချစ်ကြတဲ့ ပရိသတ်တွေလည်း နေရည်ဝင်းလဲ့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ကြစေဖို့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးရေ နေရည်ဝင်းလဲ့ရဲ့ အလှူလေးကို သာဓု လေးတွေခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nay Yee Win Lai – နေရည်ဝင်းလဲ့
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar