မိခင်ကြီးနဲ့ ဖခင်ကြီးအတွက်ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မျိုးမျိုးခိုင်

Posted on

ပရိသတ်ကြီးရေ မျိုးမျိုးခိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ မျိုးမျိုးခိုင်ကတော့ လက်ရှိအချိခန်ထိလည်းအနုပညာအလုပ်တွေကို သင့်သလို လုပ်ကိုင်နေခဲ့ပါသေးတယ်။

အနုပညာအလုပ်တွေနဲ့အတူ ကောင်းမှုကုသိုလ်တွေကိုလည်းကိုယ်တိုင်ရော အလှူရှင်တွေကိုယ်စားလည်း လိုက်လံလှူဒါန်းပေးနေခဲ့ပါသေးတယ်။ ဒီနေ့ မေလ (၂၈)ရက်နေ့လေးမှာတော့ မျိုးမျိုးခိုင်က မွန်မြတ်လှတဲ့ ဆွမ်းကပ်ပလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ သူ့ရဲ့မိခင်ကြီး ကွယ်လွန်ခြင်း(၉)နှစ်ပြည့်နဲ့ ဖခင်ကြီးကွယ်လွန်ခြင်း (၁)နှစ်ပြည့်အနေနဲ့ပြုလုပ်တာဖြစ်ပြီး သံဃာတော်တွေကို အုန်းထမင်းဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မျိုးမျိုးခိုင်ရဲ့ ကောင်းမှုအလှူလေးကို ပရိသတ်ကြီးတွေလည်းသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Myo Myo Khine
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myo Myo Khine
Chilli – CeleGabar