မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဆွမ်းကပ်အလှူဒါနလေး ပြုလုပ်ခဲ့တဲ့ မိတ်ကပ်လင်းလင်း

Posted on

ပရိသတ်ကြီးရေ မိတ်ကပ်လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လင်းလင်းကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့ကို လှူဒါန်းတတ်တဲ့ အကျင့်လေးကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ရပါသေးတယ်။

လတ်တလောမှာလည်း လင်းလင်းက မန္တလေးမြို့ကို ရောက်ရှိနေခဲ့ပြီး မန္တလေးမြို့ရဲ့ အထင်ကရ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ဖူးမြှော်ခဲ့ပါတယ်။ ဒါ့အပြင် မဟာမြတ်မုနိဘုရားကြီးကို ဆွမ်းကပ်လှူတဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကိုလည်း လှူဒါန်းပြုလုပ်ခဲ့ပါသေးတယ်။

လင်းလင်းက သူ့ရဲ့အလှူလေးကိုလည်း “မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ပြုခဲ့သော ကုသိုလ်တွေ့ အားလုံး (၇)ရက်သားသမီးများ ထပ်တူရကြပါစေရှင့်” ဆိုပြီးတော့ ဆွမ်းကပ်လှူဒါန်းနေတဲ့ ပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါသေးတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Lin Linn
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Lin Linn
Chilli – CeleGabar