“တဲအိမ်လေးမှာခက်ခက်ခဲခဲပန်းချီဆွဲပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ပန်းချီဆရာအဖိုးအိုကို သွားရောက်လှူဒါန်းကူညီခဲ့တဲ့မိုးစက်”

Posted on

CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့ဒီနေ့မှာ ထူးထူးခြားခြားလှူဒါန်းမှုတစ်ခုကိုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲသက်ကြီးရွယ်အိုတွေကိုပဲဦးစားပေးလှူဒါန်းတတ်တဲ့ မိုးစက်ကတော့ဒီနေ့မှာလည်းတကူးတက မန္တလေးသို့ထပ်မံသွားရောက်ကာ လှူဒါန်းမှုပြုလုပ်ခဲ့တာပါ။

“အသက်(၇၄)နှစ်အရွယ် ပန်းချီဆရာအဖိုးအိုတစ်ဦးရဲ့ တဲအိမ်လေးပေါ့ ။ဒီအဖိုးရဲ့အခြေအနေလေးကို မခွန်းဆင့်သွေး တင်ထားတာ တွေ့တော့ မန္တလေးကို ဒီနေ့ထပ်ပြီး လာခဲ့ကြတာပေါ့ဗျာ။
အဘ ဒီမှာ ပန်းချီလေးတွေဆွဲတာ ပုံမှန်ဘယ်လောက်လောက်ရလဲ အဘ…”မမှန်ပါဘူး သားရယ်…ရရင်လဲ ရတယ် ၊ မရရင်လဲ (၂)ရက်(၃)ရက်လောက် တစ်ပြားမှ မဝင်ဘူး…အနုပညာသမားဘဝ က ဒီလိုပါဘဲကွာ..”

အဘ ပြောလိုက်စကားက ရင်ထဲမှာတော်တော်စိတ်မကောင်းဖြစ်သွားတယ်ဗျာ။နာမည်ရော ဘယ်လိုခေါ်လဲဗျ…”ဦးရဲမောင် ပါ …မန္တလေးရွှေပန်းချီ ဦးရဲမောင် လို့လဲ ခေါ်ကြပါတယ်..”“အဘရဲ့ အနုပညာကို လေးစားလို့
သားတို့ကို ကန်တော့ခွင့်ပြုပါ သားက #တစ်သိန်း ၊ USA နိုင်ငံ က
မချိုမီး က #နှစ်သိန်း စုစုပေါင်း #၃သိန်းကျပ်ကန်တော့ခဲ့ပါမယ် …ဒါပေမယ့် ဒီအချိန်မှာ လုယက်မှုတွေရှိနေတာကြောင့် ၊ အဘရဲ့ အကြောင်းကိုPost တင်ပေးခဲ့တဲ့ မခွန်းဆင့်သွေးကို ပေးခဲ့ပါမယ်နော် အဘ…”“ရပါတယ် သား ၊ အဲ့ဒီလိုလဲ အဆင်ပြေပါတယ်…”အဘလို အနုပညာရှင်ကြီးက ဒီလိုလေး နေထိုင်နေရတာတော့ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ဖေကြီးဦးမိုးဒီ ကလဲ ပန်းချီဆရာအဘ ကိုအားပေးစကားတွေအများကြီးပြောခဲ့ပါတယ်။


အဘရဲ့ ပန်းချီလေးတွေ အားပေးချင်ရင်(၆၂)လမ်းပေါ် ကုသိုလ်တော်ဘုရားအနီးက ငါးကန်ဒေါင့်လေးမှာ အဘရဲ့ …အနုပညာလေးတွေခမ်းနားနေတဲ့ တဲအိမ်လေးမှာ အားပေးနိုင်ပါတယ်။
အစစ အရာရာ လိုက်လံကူညီပေးတဲ့ မခွန်းဆင့်သွေး နှင့် သူငယ်ချင်းများကိုလဲကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူပါဝင်
လှူဒါန်းပေးကြသူများအားလုံးလဲကျေးဇူးအထူးပါခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လှူဒါန်းဖြစ်ခဲ့ပုံလေးကိုပြောပြလာခဲ့တာပါCeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်
“တဲအိမ္ေလးမွာခက္ခက္ခဲခဲပန္းခ်ီဆြဲၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနရတဲ့ ပန္းခ်ီဆရာအဖိုးအိုကို သြားေရာက္လႉဒါန္းကူညီခဲ့တဲ့မိုးစက္”

 

CeleGabarပရိသတ္ႀကီးေရ မိုးစက္ကေတာ့ဒီေန႔မွာ ထူးထူးျခားျခားလႉဒါန္းမႈတစ္ခုကိုျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ အၿမဲသက္ႀကီး႐ြယ္အိုေတြကိုပဲဦးစားေပးလႉဒါန္းတတ္တဲ့ မိုးစက္ကေတာ့ဒီေန႔မွာလည္းတကူးတက မႏၲေလးသို႔ထပ္မံသြားေရာက္ကာ လႉဒါန္းမႈျပဳလုပ္ခဲ့တာပါ။

“အသက္(၇၄)ႏွစ္အ႐ြယ္ ပန္းခ်ီဆရာအဖိုးအိုတစ္ဦးရဲ႕ တဲအိမ္ေလးေပါ့ ။ဒီအဖိုးရဲ႕အေျခအေနေလးကို မခြန္းဆင့္ေသြး တင္ထားတာ ေတြ႕ေတာ့ မႏၲေလးကို ဒီေန႔ထပ္ၿပီး လာခဲ့ၾကတာေပါ့ဗ်ာ။အဘ ဒီမွာ ပန္းခ်ီေလးေတြဆြဲတာ ပုံမွန္ဘယ္ေလာက္ေလာက္ရလဲ အဘ…”မမွန္ပါဘူး သားရယ္…ရရင္လဲ ရတယ္ ၊ မရရင္လဲ (၂)ရက္(၃)ရက္ေလာက္ တစ္ျပားမွ မဝင္ဘူး…အႏုပညာသမားဘဝ က ဒီလိုပါဘဲကြာ..”

အဘ ေျပာလိုက္စကားက ရင္ထဲမွာေတာ္ေတာ္စိတ္မေကာင္းျဖစ္သြားတယ္ဗ်ာ။နာမည္ေရာ ဘယ္လိုေခၚလဲဗ်…”ဦးရဲေမာင္ ပါ …မႏၲေလးေ႐ႊပန္းခ်ီ ဦးရဲေမာင္ လို႔လဲ ေခၚၾကပါတယ္..”“အဘရဲ႕ အႏုပညာကို ေလးစားလို႔
သားတို႔ကို ကန္ေတာ့ခြင့္ျပဳပါ သားက #တစ္သိန္း ၊ USA ႏိုင္ငံ က
မခ်ိဳမီး က #ႏွစ္သိန္း စုစုေပါင္း #၃သိန္းက်ပ္ကန္ေတာ့ခဲ့ပါမယ္ …ဒါေပမယ့္ ဒီအခ်ိန္မွာ လုယက္မႈေတြရွိေနတာေၾကာင့္ ၊ အဘရဲ႕ အေၾကာင္းကိုPost တင္ေပးခဲ့တဲ့ မခြန္းဆင့္ေသြးကို ေပးခဲ့ပါမယ္ေနာ္ အဘ…”“ရပါတယ္ သား ၊ အဲ့ဒီလိုလဲ အဆင္ေျပပါတယ္…”အဘလို အႏုပညာရွင္ႀကီးက ဒီလိုေလး ေနထိုင္ေနရတာေတာ့ တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္ဗ်ာ။ေဖႀကီးဦးမိုးဒီ ကလဲ ပန္းခ်ီဆရာအဘ ကိုအားေပးစကားေတြအမ်ားႀကီးေျပာခဲ့ပါတယ္။

အဘရဲ႕ ပန္းခ်ီေလးေတြ အားေပးခ်င္ရင္(၆၂)လမ္းေပၚ ကုသိုလ္ေတာ္ဘုရားအနီးက ငါးကန္ေဒါင့္ေလးမွာ အဘရဲ႕ …အႏုပညာေလးေတြခမ္းနားေနတဲ့ တဲအိမ္ေလးမွာ အားေပးႏိုင္ပါတယ္။အစစ အရာရာ လိုက္လံကူညီေပးတဲ့ မခြန္းဆင့္ေသြး ႏွင့္ သူငယ္ခ်င္းမ်ားကိုလဲေက်းဇူးတင္ပါတယ္။ကြၽန္ေတာ္နဲ႔အတူပါဝင္
လႉဒါန္းေပးၾကသူမ်ားအားလုံးလဲေက်းဇူးအထူးပါခင္ဗ်ာ။🙏🙏🙏”ဆိုတဲ့စာေလးနဲ႔သူ႔ရဲ႕လႉဒါန္းျဖစ္ခဲ့ပုံေလးကိုေျပာျပလာခဲ့တာပါCeleGabarပရိသတ္ႀကီးေရ။

Koe- CeleGabar
Source- MoeSat