နှုတ်ခမ်းနီမလေးတွေအချစ်ပိုသွားစေမယ့် သီဟအောင်ရဲ့ Tik Tok ဗီဒီယိုလေး

Posted on

သီဟအောင်ကတော့ သရုပ်ဆောင် လူကြမ်းမင်းသား ဦးကိုကိုဦးရဲ့ သားဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သီဟအောင်ကတော့ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။

ဒီနေ့မှာလည်း သီဟအောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Tik Tok ဗီဒီယိုတစ်ခုကို တင်ဆက်လာခဲ့ပါတယ်။ Tik Tok ဗီဒီယိုလေးကတော့ အုပ်စိုးခန့်ရဲ့ “ပိုင်ရှင်” သီချင်းလေးကို နောက်ခံထားပြီး Tik Tok ဆော့ကစားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သီဟအောင်ရဲ့ Tik Tok ဗီဒီယိုလေးကိုတော့ ကြည့်ရှုပြီး သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။

Tik Tok ဗီဒီယိုလေးကိုကြည့်ပြီး သီဟအောင်ကို အသည်းတွေယား အချစ်ပိုနေရကြောင်းကိုလည်း ဗီဒီယိုလေးရဲ့ အောက်မှာ မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက သီဟအောင်ရဲ့ ပရိသတ်တွေအတွက် ပရိသတ်တွေအချစ်ပိုနေရတဲ့ Tik Tok ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Thiha Aung