သူ့သီချင်းတွေကို မပီတပီနဲ့ လိုက်ဆိုနေတဲ့ သမီးလေးကိုကြည့်ပြီး သဘောတွေကျနေခဲ့တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပြီး ထရက်ရှာလေးကလည်း ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေခဲ့ပါသေးတယ်။

စန္ဒီမြင့်လွင်ရဲ့ သမီးလေးဖြစ်တဲ့ ထရက်ရှာလေးကတော့ မေမေ့ရဲ့ အနုပညာအမွေကိုဆက်ခံကာ ခြေရာနင်းမယ့်သူပီပီ ဒီအရွယ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေခဲ့ပါတယ်။ အဆိုတော်တစ်ယောက်ရဲ့ သမီးတစ်ယောက်ပီပီ သီချင်းတွေကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်နေတဲ့အပြင် မေမေစန္ဒီမြင့်လွင်ရဲ့ သီချင်းတွေကို ပါလိုက်ဆိုနိုင်နေခဲ့ပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းကသူ့ရဲ့လူမှုကွန်ရက်ကနေ မေမေစန္ဒီမြင့်လွင်ရဲ့ သီချင်းတွေကိ လိုက်ဆိုနေတဲ့ သမီးလေးထရက်ရှာရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ထရက်ရှာလေးရဲ့ မေမေကိုယ်တိုင်က သူ့သီချင်းတွေကို လိုက်ဆိုနေတဲ့ သမီးလေးကိုကြည့်ပြီး သဘောတွေကျနေခဲ့ပါသေးတယ်နော်။

Source – Thiha Leo
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Thiha Leo
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x