iguana(အီဂွားနား)ကို အိမ်ခေါ်လာပြီး ကြောက်တတ်တဲ့ မိခင်ကြီးကို စနောက်နေခဲ့တဲ့ ပိုင်တံခွန်တို့ မိသားစုရဲ့ ချစ်စဖွယ်ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ရိုးသားပြီး ပွင့်လင်းကာပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပိုင်တံခွန်သာမက သူ့ရဲ့မိသားစုဝင်တွေကလည်း ပျော်ပျော်နေတတ်ပြီး သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ ချစ်စရာမိသားစုလေးပါ။ ဒီနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ မိခင်ကြီးအိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အိမ်ကိုသွားရောက်ခဲ့စဉ်မှာ ချစ်စရာကောင်းလှတဲ့ iguana(အီဂွားနား)ကောင်ကြီးကိုပါ ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။

မိခင်ကြီးက iguana(အီဂွားနား)ကောင်ကြီးကို အသဲတွေယားပြီး ကြောက်နေတာကို ပိုင်တံခွန်က အနားအတင်းကပ်ပြီး မိခင်ကြီးကို စနောက်နေခဲ့တာကိုဗီဒီယိုလေးရိုက်ကူးကာ ပရိသတ်တွေလည်း အပျော်တွေကူးစက်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်မင်းသားလေးက မေမေ့ကိုတောင် အလွတ်မပေးဘူး လိုက်စတာနော်။

Source – Paing Takhon
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Paing Takhon
Chilli – CeleGabar