ဆိုနေကြပုံစံမဟုတ်တဲ့ အမိုက်စားသီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတဲ့ Lဆိုင်းဇီ

Posted on

Lဆိုင်းဇီကတော့ တစ်ခေတ်တစ်ခါက သီချင်းအေးလေးတွေကို သီဆိုလိုက်တိုင်းပရိသတ်တွေရဲ့အားပေးမှုကို အံ့မခန်းသိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တစ်ယောက်လို့လည်းဆိုရမှာပါ။ အခုအချိန်အထိလည်း အနုပညာအလုပ်တွေကိုလုပ်ရင်းပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်ဆဲ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။


သီချင်းအေးလေးတွေနဲ့လိုက်ဖက်တာကတော့ Lဆိုင်းဇီရဲ့အရည်အချင်းဖြစ်သလို မြူးမြူးကြွကြွသီချင်းတွေနဲ့လည်း လိုက်ဖက်တဲ့အနုပညာရှင်လည်း ဖြစ်ပါတယ်။ သူကတော့ဒီနေ့မှာ ချူစားဘဲ ဆိုတဲ့ MV တစ်ပုဒ်ကို ထွက်ရှိလာပါတယ်။ဒီသီချင်းမှာတော့ အမိုက်စားစတိုင်တွေနဲ့ Lဆိုင်းဇီကို ပရိသတ်တွေကနှစ်သက်သဘောကျနေရပြန်ပါတယ်။ ဒီသီချင်းထဲက ဆိုနေကြပုံစံတွေထဲက ကွဲထွက်တဲ့ပုံစံနဲ့ စာသားအလန်းတွေကတော့ ပရိသတ်ကိုကြွေသွားစေခဲ့ပါပြီ။

Lဆိုင်းဇီကတော့ မကြာသေးခင်က အရမ်းကျော်ကြားခဲ့တဲ့ အချစ်အတွက်ကံမကောင်းခဲ့သူ သီချင်းလေးကို ဗားရှင်းအသစ်နဲ့ပြန်လည်ပုံဖော်ပြီး ရိုက်ကူးခဲ့ပါသေးတယ်။ ဒီသီချင်းလေးကိုတော့ ဆယ်လီကမ္ဘာပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီသီချင်လေးကိုကြိုက်နှစ်သက်လားဆိုတာကို မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်…
Source : LSengZi