သမီးလေးကို နာမည်လှလှလေးပေးလိုက်တဲ့ အိမ့်ချစ်

Posted on

ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အချစ်တော် အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ လက်ရှိမှာ သမီးဦးလေးကို ကိုယ်ဝန်လွယ်ထားရတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။

အိမ့်ချစ်ရဲ့ ကိုယ်ဝန်ကတော့ လက်ရှိမှာ (၇)လရှိနေခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်မှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါသေးတယ်။ အိမ့်ချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့ သမီးလေးကို နာမည်လှလှလေးပေးခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေလည်း သိရှိရအောင် မျှဝေဖော်ပြလာခဲ့ပါတယ်။

အိမ့်ချစ်ကတော့ “သမီးလေး နာမည်ကို ‘အမရာ’ Amara လို့ပေးမယ် ” ဆိုပြီးစာလေးနဲ့အတူ ကိုယ်ဝန်(၇)လရှိနေပြီဖြစ်တဲ့ သူ့ရဲ့လက်ရှိပုံလေးတွေကိုပါ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေမေအိမ့်ချစ်ရဲ့ သမီးလေးနာမည်က အမရာတဲ့ လှလိုက်တဲ့ နာမည်လေးပါပဲနော်။

Source – Eaint Chit
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Eaint Chit
Chilli – CeleGabar