” နိုင်ငံခြားမင်းသမီးတစ်ယောက်အလားဆွဲဆောင်မှုရှိလှတဲ့ ဗစ်ကနီဝတ်စုံဖက်ရှင်ကိုဝတ်ဆင်ကာကမ်းခြေရောက်အမှတ်တရဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တဲ့ ဝါဆိုမိုးဦး”

Posted on

CeleGabar ပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့အမျှတစ်သွေးတစ်မွှေးပိုပိုလှလာတဲ့ မင်းသမီးလေးပါပဲနော်။ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး အမြဲ Gymကစားကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

အမြဲ လိုလို ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေကိုဝတ်ဆင်လေ့ရှိပြီး အင်တာနေရှင်နယ် ဆန်တဲ့ အမိုက်စားပုံရိပ်တွေကိုမကြာမကြာ ​ဆိုရှယ်မီဒီယာပေါ်ဝေမျှလေ့ရှိတာပါ။ လက်ရှိမှာ သူမရဲ့အချစ်ရေးကတော့ Snare အဖွဲ့အဆိုတော် ဖြိုးလေးနဲ့ ဖြစ်ပြီး ​ပရိသတ်တွေအထူးအားပေးဝန်းရံကြတဲ့ အနု ပညာရှင်စုံတွဲတွေထဲက တစ်တွဲ​ပါပဲနော်။

လက်ရှိမှာလည်းသူမရဲ့အမိုက်စား​bodyနဲ့လိုက်ဖက်တဲ့ရေကူးဝတ်စုံလေးကိုဝတ်ကာ ကမ်းခြေရောက်အမှတ်တရဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ အမြဲဘယ်လိုဖက်ရှင်မျိုးမဆိုမိမိုက်နေတတ်တဲ့ဝါဆိုကတော့ sexyဆန်တဲ့ ရေကူးဝတ်စုံဖက်ရှင်နဲ့လည်းတကယ့်ကိုနိုင်ငံခြားမင်းသမီးတစ်ယောက်အလားဆွဲဆောင်မှုရှိနေဆဲပါပဲနော်။CeleGabarပရိသတ်တွေလည်း ဝါဆိုမိုးဦးရဲ့ ကမ်းခြေရောက်အမိုက်စားဗီဒီယိုဖိုင်လေးကိုကြည့်ရှူပြီးသဘောကျမယ်လို့ထင်ပါတယ်နော်။

Koe-CeleGabar
Source- WarsoMoeOo
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source- WarsoMoeOo